Friday, March 26, 2010

ထိုင်းကျားများ

တော်ပြီတော်ပြီ နောက်ဆို ယိုးဒယားဆိုမသွားတော့ဘူး စိတ်ကုန်တယ်။ ကြောက်လည် ကြောက်လာပြီ။ ဟီးဟီး။ ဒါပေမယ့် တော်တော်တော့ ချောကြတယ်နော်။ မိန်းကလေးရှုံးတယ်။ ကြည့်ကြည့်ပါဦး ယိုးဒယားသွားမယ်ဆို အောက်က ပုံတွေထဲကရုပ်တွေလည်း မှတ်သွားဦး။ တော်ကြာ.....ဟီးဟီး






စိတ်ချမ်းသာဖို့လိုရင်းပါ

လယ်သမားတစ်ယောက်ရဲ့မြည်းလေးတစ်ကောင်ဟာ အကာအရံ မရှိတဲ့ လယ်ထဲက ရေတွင်းထဲ
ကျသွားတယ်။ မြည်းလေးဟာ ရေတွင်းထဲကနေ အော်အော်ပြီးတော့ သူ့ သခင်ကိုခေါ်တယ် ။
လယ်သမားကြီးဟာ ဘာလုပ်ရမလဲလို့တွေးတယ်။ နောက်ဆုံးတော့ လယ်သမားကြီးက စဉ်းစားတယ်။
ဒီမြည်းဟာ အိုလည်းအိုနေပြီ။ ရေတွင်းကလည်းမသုံးတာကြာတဲ့ရေတွင်းဟောင်းကြီး
ဖို့ပစ်တာကောင်းတယ်။ ဒီမြည်းကို ဆွဲတင်နေလို့မထူးဘူး။ အဲဒီလိုတွေးပြီးတော့
သူ့သူငယ်ချင်း လယ်သမားတွေကိုသွားခေါ်လာတယ်။ တစ်ယောက် ပေါက်ပြားတစ်လက်ဆီ
ယုလာကြတယ်။ မြေကြီးတွေ တူးပြီး ရေတွင်းကို ဖို့ကြတယ်။

မြည်းလေးဟာ သူ့ကို မြေဖို့နေပြီဆိုတာသိတော့ ကြောက်ပြီး အသံကုန်အော်တယ်။
နောက်မကြာခင် မြည်းအော်သံတိတ်သွားတယ်။
တော်တော်ကြာတော့ လယ်သမားကြီးဟာ ရေတွင်းထဲ ငုံ့ကြည့်တယ်။ သူမြင်ရတာကို
အံ့သြသွားတယ်။ မြေကြီးတစ်ကော်စာ ဖို့လိုက်တိုင်း မြည်းလေးဟာ မြေကြီးတွေကို
ခါချလိုက်ပြီး မြေကြီးပေါ် လှမ်းတက်လိုက်တယ်။ ရေတွင်းပြည့်ခါနီးတော့ မြည်းလေးဟာ
ရေတွင်းပေါ်ခုန်တက်ပြီးတော့ အားရ၀မ်းသာ ခုန်ပေါက်ပြီး ပြေးတော့တယ်။ လယ်သမားတွေက
မြည်းလေးကိုကြည့်ပြီး သဘောကျလို့ တဟားဟားနဲ့ အားရပါးရ ရယ်ကြတော့တယ်။

ကိုယ့် ဘ၀ အခြေအနေဟာ ကိုယ့် ကျောပေါ်ကို မြေတွေပုံမယ်။ ဒုက္ခကနေ
လွတ်အောင်လုပ်နည်းက ခါချပြီး တစ်လှမ်းတက်ဖို့ပဲ။ ဖို့လိုက်တဲ့မြေကြီးဟာ
ကျောပေါ်မှာ မနေဖို့ပဲလိုတယ်။ ဖို့သမျှမြေကြီးဟာ ခြေထောက် အောက်ကို
ရောက်သွားရမယ်။

(ဆရာတော် ဦးဇောတိက - စိတ်ချမ်းသာဖို့လိုရင်းပါ (စာမျက်နှာ ၁၅၁-၁၅၂))

သွေးစုတ်မျေက်



သွေးစုမျောက်ဟာ အလွန်ကို ထူးခြားတဲ့ တရုတ် မျောက်မျိုးတစ်မျိုးဖြစ်ပါတယ်။ သွေးစုတ်မျောက်မျိုး ၃ မျိုးရှိပါတယ်။ (၁) Demosndulus rotundidus၊ (၂) Dilphyllas equicaudata နှင့် (၃) Demoniaemus youngidus ဖြစ်ပါတယ်။ ထိုသုံးမျိုးစလုံးဟာ တရုတ်နိုင်ငံမှ မျိုးစိတ်များသာဖြစ်ကြပါတယ်။ ထိုမျောက်များရဲ့ သဘာဝနေထိုင်မှု့ဟာ လူတွေနဲ့တော် အလွန်ကွာခြားလွန်းပါတယ်။ သို့သော် ထိုမျောက်များမှာ မြင့်မားတဲ့အသိဥာဏ်ရှိပါတယ်။ အသားအရည်နှင့် တည်ဆောက်ပုံကတော့ မျောက်များကဲ့သို့သာဖြစ်ပါတယ်။ သွေးစုတ်မျောက် များဟာ သွေးစုတ်သလို အသားစား မျောက်တစ်မျိုးလည်းဖြစ်ပါတယ်။

စီးချင်လိုက်တာနော်



ဆွီဒင်နိုင်ငံ Stockholm က လူတစ်ယောက်ဟာ ပိုက်ဆံ အမေရိကန်ဒေါ်လာ တစ်သန်းနှင့် အချိန် ၃နှစ်ခွဲ အကုန်ခံပြီး ၁၉၈၉ ခုနှစ်က လင်းနို့လူသား ကားကို ပုံစံတူ တုပြီးတည်ဆောက်ခဲ့ပါတယ်။ ကားမှာတပ်ဆင်ထားတာကလဲအစုံပါဘဲ ဒီကြားထဲ စက်သေနတ်တောင်ပါသေးတယ်။

ဟာသ

အားနာမိတာမှား…. မှား… မှား….*

အများသုံး အိမ်သာတစ်ခုထဲ ၀င်ပြီး ကမုတ်ထဲထိုင်ရုံ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"ဟေ့လူ. နေကောင်းလား…"
ဒီလိုနေရာမျိုးမှာ အလ္လာပသလ္လာပ စကားပြောရတာ စိတ်မသက်မသာ ရှိလှသည်။
မကောင်းတတ်တော့လည်း ပြန်နှုတ်ဆက်ရသည်ပဲပေါ့.

"ကောင်းပါတယ်. ကျေးဇူး"

အသေအချာ အကျအနထိုင်ပြီး ကိုယ့်ကိစ္စကို ဆက်ရှင်းမည် ကြံကာရှိသေး.
အလိုက်မသိတတ်သော ငနဲသားက ထပ်မေးလာပြန်သည်။

"ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေလဲဗျ."

ဟာ… ဒီလူတော့ ခက်ပြီ. ဘာလဲကွာ… ဒီလိုနေရာမျိုးမှာ ဒီလို
ဂွတီးဂွကျမေးခွန်းတွေ လာမေးနေတာ ဘာလဲ….

စိတ်ပေါက်ပေါက်နှင့် ဘုတောပစ်လိုက်သည်။

"ခင်ဗျားလိုပဲပေါ့ဗျာ."

ဘာပဲဖြစ်ဖြစ် မြန်မြန်လက်စသတ်ပြီး ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

"ကျွန်တော်လာခဲ့မယ်ဗျာ. ရမလား"

ဗုဒ္ဓေါ……. ဒီလူ ဘယ်လိုလူလဲ. ဂေးလား. ဂျော်ရကီးလား. ဘာကောင်လဲကွာ…
ဘာပဲဖြစ်ဖြစ်. ကိုယ်ကျင်လည်ကျက်စားနေရာ နေရာမဟုတ်၍ သတိတော့ ထားနေရသည်။
ထောင်းခနဲ ထွက်လာသော ဒေါသကို အသာချိုးနှိမ်လျက် အသံ ခပ်အုပ်အုပ်ဖြင့်
ပြန်ဖြေလိုက်သည်။

"မလုပ်နဲ့လေဗျာ. ကျွန်တော်လည်း ဒီမှာ အလုပ်ရှုပ်နေတာ.."

ဒုန်းခနဲ တံခါးဆောင့်ပိတ်သံ ကြားလိုက်ရပြီး ဟိုဖက်က ပြန်ပြောသည်။

"နောက်မှပဲ ပြန်ဆက်တော့မယ်. ဟိုဖက်အခန်းထဲက သောက်ပေါတစ်ကောင်က ရူးသလို
နှမ်းသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့…."


ပျော်ရွှင်ရယ်မောနိုင်ပါစေနော်...........

Thursday, March 25, 2010

Fwd: Serious Thinking စာဖတ်သူတဦးသို့ ပြန်ကြားချက် - မြန်မာ့ပညာရှင်များအကြောင်းဆွေးနွေးခြင်း

Serious Thinking


2009/9/27 ရက်စွဲနဲ့ စာဖတ်သူတဦးရဲ့ အကြံပြုချက်ကို အခြေပြုပြီးဆွေးနွေးတင်ပြလိုက်ပါတယ်။ အမည်နဲ့ email လိပ်စာကိုတော့ လျှို့ဝှက်ထားပါတယ်။

စာဖတ်သူတဦးထံမှ အကြံပြုစာ

"ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊ ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။ ဒါပေမယ့်ဆရာဝန်တွေသာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆမှားကြီးကလည်းလူတိုင်မှာရှိနေတာတော့မကောင်းဘူးဗျာ။ အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်ထွက်လာကြပါစေဗျာ။
ဒီလို မေးတွေပို့မဲ့အစား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"

Serious Thinking မှ ပြန်ကြားချက်

အကြံပေးတာကျေးဇူးတင်ပါတယ်။ ပညာပေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူအများစုအကျိုးရှိမယ့် ဘယ်လိုအကြောင်းအရာမျိုးပို့သင့်တယ်ဆိုတာ အကြံပေးစေချင်ပါတယ်။ ကြိုးစားပြီးတင်ပြသွားပါ့မယ်။ အချိန်အခက်အခဲကြောင့် လူနည်းစုဘဲ အကျိုးရှိမယ့် နည်းပညာပိုင်းဆိုင်ရာမျိုးကိုတော့ မတင်ပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။

လူကြီးမင်းရဲ့ ယူဆချက်ဖြစ်တဲ့ ပညာရှင်တွေလိုအပ်နေတယ် ဆိုတာကို အားလုံးက သဘောတူကြမှာပါ။ စာတော်သူတိုင်းဆရာဝန်သာဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုလဲ လူကြီးမင်းလိုဘဲ ကျွန်တော်တို့လဲလက်မခံပါဘူး။ ဒါပေမယ့် ဒီပြဿနာနှစ်ခုစလုံးရဲ့ အရင်းအမြစ်ကိုတော့ တူးဆွကြည့်ဖို့လိုပါပြီ။ ပြီးရင်လဲ တိုင်းပြည်အတွက် ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ကောင်းမှ အားလုံးသာတူညီမျှကောင်းစားကြမှာပါ။ လွယ်ကူတဲ့အဖြေမရှိဘူး ဆိုတာတော့ ကြိုပြောထားပါရစေ။

မြန်မာပြည်မှာ ဒီလိုပညာရှင်တွေ မရှိတာမဟုတ်ပါဘူး။ ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် CDC ဓါတ်ခွဲခန်း, ဆွစ်ဇလန် ဂျီနီဗာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်၊ ကုလသမဂ္ဂရုံးချုပ်၊ ကမ္ဘကျော်တက္ကသိုလ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာပညာရှင်တွေ။ .... အာရှ၊ ဥရောပ၊ အမေရိက၊ သြစတြေးလျ တိုက်ကြီးတွေရဲ့ နိုင်ငံပေါင်းစုံမှာ အောင်မြင်နေတဲ့ မြန်မာ ရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဓါတုဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ တော်တော်များနေပါပြီ။ သူတို့ထဲမှာ အသက် ၇၀ ကျော် အရွယ် ကနေ မနေ့တနေ့က ကျောင်းဆင်းခဲ့တဲ့ ပညာရှင်အထိတွေ့ရပါတယ်။ ဘာကြောင့်သူတို့ပြည်ပထွက်လာကြတာလဲ။ တိုင်းပြည်ကို မချစ်ဘူးလို့ ပစ်စလက်ခတ် မစွပ်စွဲလိုက်ပါနဲ့။ တိုင်းပြည်ကချစ်တာကို မခံရလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

တချို့က ပညာကို အာဏာလောက်၊ ဥစ္စာလောက် တန်ဖိုးထားမခံရဘူး။ ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်၊ စီးပွားရေးပညာရှင်တယောက်၊ သိပ္ပံပညာရှင်တယောက်ဟာ မြန်မာပြည်မှာ ထိုက်တန်တဲ့ ချီးမြှင့်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု ရဖို့ခဲယဉ်းနေပါပြီ။ အာဏာပိုင်အဖွဲ့အစည်းကအစ အရပ်ထဲကသာမန်လူအဆုံး ပညာရှင်တွေကို အကျင့်ပျက်လာဘ်စား (corrupt) တဲ့ စစ်ဗိုလ်တယောက်လောက်၊ အကောက်ခွန်ဝန်ထမ်းလောက်၊ ဓါတ်ဆီဆိုင်ဝန်ထမ်းလောက် အထင်မကြီးကြတော့ဘူး။ လူအများက ငွေနဲ့ အာဏာကိုပဲ ကြည့်ပြီးချီးမွမ်းအားကျနေကြတာ ၀မ်းနည်းစရာအဖြစ်မှန်ပါ။

ပညာမတတ်တဲ့ လူလည်ဖျံကျ ၀ိသမသမားတွေက တိုက်ဆောက်ကားစီး ဘီယာသောက်နေတဲ့ အချိန်မှာ တသက်လုံးကြိုးစားလာရတဲ့ ပညာရှင်တွေက ဘတ်စ်ကားတိုးစီးနေရတယ်။ တချို့ဆရာဝန်လေးတွေဆို အစိုးရပေးတဲ့ တလ ၈၀၀၀၀ နဲ့ မလောက်လို့ ညနေဘက်မှာ ဆေးခန်းကို ပြေးပြီးငွေရှာနေရတယ်။ လုပ်သက်နှစ် ၂၀ လောက်ရှိတဲ့ ကျောင်းအုပ်ကြီးတဦးရဲ့လခဟာ မနေ့ကကျောင်းဆင်းတဲ့ စစ်တိုက်စရာမလိုတဲ့ ဗိုလ်တယောက်ရဲ့ လခထက်နည်းပါတယ်။ တခြားအခွင့်အရေးတွေကလည်း အပြတ်အသတ်ကွာပါတယ်။ ဒါတင်ပဲလား။ မပြီးသေးပါဘူး။

လုပ်ငန်းခွင်ထဲမှာ ကြည့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တွေက အောက်ပိုင်းရာထူး၊ ဒီပညာတွေကို လုံးစေ့ပတ်စေ့နားမလည်တဲ့ စစ်ဗိုလ်တွေက ထိပ်ပိုင်းနေရာတွေမှာ ။ ဒီပညာရှင်တွေရဲ့ အတတ်ပညာကိုလည်း အသုံးချဖို့ စီမံကိန်းတွေက မရှိ။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေးကလဲ အရှိန်အဟုန်နဲ့ တရစပ်ထိုးကျနေပါတယ်။ ဒီတော့ပညာရှင်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်တွေကမရှိ။

ဒီလောက်ဆိုရင် ပညာရှင်တွေလိုအပ်နေတယ်ဆိုတဲ့ ပထမပြဿနာရဲ့အရင်းအမြစ်ကို မြင်နိုင်လောက်ပြီထင်ပါတယ်။

လူကြီးမင်းရဲ့ ဒုတိယအချက်ကို ဆက်ဆွေးနွေးပါမယ်။

စာတော်တဲ့သူတွေကို မိဘတွေက ဆရာဝန်အင်ဂျင်နီယာပဲ ဖြစ်စေချင်နေကြတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူတွေဟာ မိမိဘ၀တိုးတက်ဖြစ်ထွန်းချင်လို့ အပင်ပန်းခံ၊ ငွေကုန်အချိန်ကုန်ခံပြီး ပညာသင်ကြတာပါ။ ကြိုးစားမှုအတွက် ဆုလာဘ် (Incentives) ကို လူတိုင်းလိုချင်ကြပါတယ်။ ဆရာဝန်အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည်တွင်းမှာ အခြေအနေမကောင်းရင်ပြည်ပမှာ အလုပ်ရှာရလွယ်တယ်၊ ၀င်ငွေကောင်းတယ်။

သင်ကြားရေးစနစ်ကို လည်းကြည့်ပါဦး။ လူကြီးမင်းပြောတဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ သိပ္ပံပညာရပ်တွေကို စာရွက်ပေါ်မှာတောင် ကောင်းကောင်းသင်ဖို့ အခြေအနေမရှိတော့ပါဘူး။ ဓါတ်ခွဲခန်းခေါ်တဲ့ Laboratory ဆိုတာအဝေးကြီးမှာကျန်နေခဲ့ပါပြီ။ ပို့ချမယ့်ဆရာအများစုလည်း ဘ၀ရှေ့ရေးအတွက် နိုင်ငံခြားထွက်ကုန်ကြပါပြီ။ ရှေ့ကပညာရှင်တွေ ရုန်းကန်နေရတာကို မြင်နေတဲ့ လူငယ်တွေက ပညာတတ်ချင်စိတ်ပေါ်လာမလား၊ အကျင့်ပျက် လာဘ်စားချင်စိတ်ပေါ်လာမလား ...... စဉ်းစားလို့ရပါတယ်။

အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်လာစေချင်ရင် သူတို့အတွက် ကောင်းမွန်သင့်တော်တဲ့ အသိုင်းအ၀ိုင်း (rewarding environment) ဖန်တီးဖို့လိုပါတယ်။ ပန်းမရှိတဲ့ ကန္တာရမှာ လိပ်ပြာလာနားမှာမဟုတ်ပါဘူး။

တိုင်းပြည်မှာ စနစ်က အကြီးအကျယ်မှားနေပြီး၊ အများစုက အမှားကို နားမလည်တာဟာ အဓိကပြဿနာပါ။ ဖြစ်သင့်တာကို သိကြပြီး ကိုယ့်အနီးအနားဝန်းကျင်ကို ပြုပြင်ချင်စိတ်လေးပေါ်လာအောင် ကျွန်တော်တို့ ဒီ mail တွေ အပင်ပန်းခံပြီး အန္တရာယ်ကြားက ဖြန့်ဝေနေတာပါ။ ဒါဟာလဲ ပညာပေးတာပါပဲ။ ဒီအတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မရပါဘူး။ ကိုယ့်ပြည်သူတွေကို အမြင်ကျယ်စေချင်လို့၊ တိုးတက်စေချင်လို့ပါ။ မြန်မာတွေ မျက်စိပွင့်ကြဖို့ကောင်းပါပြီ။ ကိုရီးယားကားလေးကြည့်၊ ဘီယာလေးမူး၊ ဘောပွဲလေးလောင်း၊ နှစ်လုံးထီလေးထိုး၊ ကိုယ့်ဝမ်းစာလေးပဲရှာပြီး ချောင်သလိုနေမယ် ဆိုရင်တော့ နောင်လာနောက်သားတွေအတွက် တိုင်းပြည်အပျက်ကြီးကိုပဲ အမွေချန်ခဲ့ရမှာပါ။

တိုင်းပြည်အတွက်အရေးပါတဲ့ ဒီကိစ္စတွေကို လူတိုင်းသိထားသင့်ပါတယ်။ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှ မဟုတ်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် ကိုယ့်အနားမှာ တတ်စွမ်းသမျှတာဝန်ယူပြီး ကောင်းအောင်ပြုပြင်တာ နိုင်ငံရေးပါပဲ။ ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ။ အလွန်အဓိပ္ပါယ်ရှိပါတယ်။

နိုင်ငံတကာမှာ management, public administration, psychology စတဲ့ အဆင့်မြင့်ပညာရပ်တွေမှာ ဒီအတွေးအခေါ်တွေကို အလေးထားသင်ကြားပါတယ်။ ကျွန်တော်တို့လူမျိုးတွေရော မသိသင့်ဘူးလား။



--
We need justice, peace and equity. Are you part of the problem or part of the solution?
Serious Thinking

Friday, March 19, 2010

MEANINGFUL PRESENTS

ရည်မှန်းချက်တွေ အောင်မြင်အောင်ဆုတောင်းပေးနေမယ်
စက္ကူကြိုးကြာရုပ်တစ်ထောင် (boy to girl)

စက္ကူကြိုးကြာရုပ်တစ်ထောင် (boy to girl)



စက္ကူရောင်စုံကြယ်ပွင့်တစ်ထောင် (girl to boy)

ပြီးအောင်ဖတ်ကြည့်စေလိုပါသည်။ ဗုဒ္ဓဘာသာရဲ့တရားအကြောင်းပါ။။ တရားကိုယုံကြည်ခြင်းအကြောင်းပါ။ တစုံတခု ရနိုင်လိမ့်မည်ထင်ပါသည်။

မေး ။ ။ Wanna —ကျွန်တော်မေးခွန်းလေး
နည်းနည်းလောက်မေးချင်ပါတယ်…အခြားဘာသာဝင်များ အနေဖြင့် ဘုရား၊ တရား၊ သံဃာ
တွင်ယုံကြည်ခြင်းမရှိနိုင်သောကြောင့် အပယ်သွားနိုင်ပါသလား။ သို့မဟုတ်..
အခြားဘာသာဝင်များသည် နဂိုကတည်းက ဘုရား၊ တရား၊ သံဃာ ကို
ယုံကြည်ခြင်းမရှိသဖြင့် … မယုံကြည်ခြင်းကြောင်ဖြစ်ပေါ်သော အကျိုးကို
ခံစားရခြင်း မရှိနိုင် ပါသလား။

ဖြေ ။ ။ ဗုဒ္ဓဘာသာကို ကမ္ဘာက Religion လို့ သတ်မှတ်ထားတဲ့ ဘာသာတွေနဲ့
မရောထွေးလိုက်ပါနဲ့ ။ Religion ဆိုတာက ယုံကြည်ကိုးကွယ်ခြင်းနဲ့
ဆုတောင်းခြင်းကို အခြေခံပါတယ်။ ဗုဒ္ဓဘာသာမှာက ကျင့်စဉ်ဆိုတာပါနေတယ်။
ဘယ်သူကျင့်ကျင့် ကျင့်တာနဲ့ ထူးခြားစေတဲ့ ဓမ္မတရားတွေ ဖြစ်ပါတယ်။

ဒါကြောင့် ဘုရားရှင်ကို ဖူးရရုံ ၊ နဲ့ ဘုရားရှင်ကို ယုံကြည်နေရုံနဲ့
အပယ်လွတ်မယ်လို့ မဆိုနိုင်ပါဘူး။ ကိုယ်ပြုတဲ့ ကုသိုလ်ကောင်းမှု ၊ အကုသိုလ်
မကောင်းမှုတွေ က သာ ကိုယ့်ကို ဆုံးဖြတ်ပေးပါလိမ့်မယ်။ ဘုရားနဲ့
ညီအကိုလဲတော် ၊ ယောက်ဖလဲဖြစ် ၊ ဘုရားကို သက်ရှိထင်ရှားဖူးတွေ့ရတဲ့ ဒေ၀ဒတ်
အ၀ီစိ ကျရတာ ၊ ပုထုဇဉ်တွေထဲမှာ ဘုရားရှင်ကို ယုံကြည် ကိုးကွယ်သူ ကြည်ညို
တဲ့ အရာမှာ အမြတ်ဆုံးပါလို့ ဘုရားရှင်ကိုယ်တော်တိုင်ချီးကျူးရတဲ့ အဇာတသတ်
သူပြုတဲ့ ပိတုကာရက ကံကြောင့် အပယ် လောကန္တရိတ်ငရဲကျရတာတွေ ဟာ သာဓကတွေ
ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ် ၊ အစ္စလာမ်ဖြစ်ဖြစ် ၊ လူကြီးဖြစ်ဖြစ်၊
ကလေးဖြစ်ဖြစ် ငရုတ်သီးစားရင် စပ်မှာပဲ ၊ သကြားစားရင် ချိုမှာပါပဲ ။

ဒိလိုပဲ ကုသိုလ်လုပ်ရင် ကောင်းမှုအကျိုးခံစားရမယ်။ အကုသိုလ်လုပ်ရင်တော့
မကောင်းမှုအကျိုးခံရမှာပါပဲ ။ ဒီတော့ ကောင်းမှုဆိုတာဘာလဲ ၊
မကောင်းမှုဆိုတာဘာလဲ ဆိုတာကို သေသေချာချာရှင်းလင်းဟောပြောမှုမှာ ဗုဒ္ဓဘာသာက
အရမ်းကို စနစ်ကျတယ်။

သီတဂူဆရာတော် ကို အမေရိကန်က ပရောဖက်ဆာကြီးတစ်ဦးက တရားပွဲအပြီးမှာ
အခန်းထဲပင့် ၊ တံခါးကို ပိတ်ပြီး မေးတာ ဒီမေးခွန်းပဲ ။ ကောင်းမှုဆိုတာ
ဘာလဲ ။ မကောင်းမှုဆိုတာဘာလဲ တဲ့ ။ သူ့ကို ဒါတောင်မသိဘူးလားလို့
ဗုဒ္ဓဘာသာတွေက လှောင်မှာဆိုးလို့ တံခါးပိတ်ပြီးမေးရတာပါတဲ့ ။

ကောင်းမှုဆိုတာ ဗုဒ္ဓအလိုအရ ပုညကြိယာဝတ္ထု (၁၀)ပါး ၊ မကောင်းမှုကတော့
ဒုစရိုက်(၁၀)ပါးပဲပေါ့ ။

ဒီတော့ နိုင်ငံခြားသာသနာပြုခရီးတွေမှာ ဗုဒ္ဓဘာသာဝင်ပြီးမှာ
တရားကျင့်စဉ်တွေ သင်ပေးမယ်လို့လဲ မရှိပါဘူး။ World Buddhist Summit
(၂၀၀၅) အပြီးမှာ အီရန်က မွတ်စလင်တွေ သင်ခိုင်းတုန်းကလဲ စစ်ကိုင်းမှာ
သင်ပေးတာပါပဲ ။ စိတ်ရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို လိုချင်ရင်
ဘယ်သူဖြစ်ဖြစ်ကျင့်လို့ ရပါတယ်။

ဗုဒ္ဓ ဆိုတာကို ဆုံးမသူ (ဆရာ) အဖြစ်သာ နားလည်ရပါတယ်။ တန်ခိုးရှင် ၊
ဖန်ဆင်းရှင်ဆိုတာနဲ့ ကွာပါတယ် ။ သူက ဒုက္ခအားလုံးတကယ်ချုပ်တာဟာ
နိဗ္ဗာန်ဖြစ်တယ်၊ ဒီနိဗ္ဗာန်ကို အသက်ရှင်လျက်မှာပဲ လက်တွေ့ရောက်အောင်ဘယ်လို
သွားလို့ ရတယ်ဆိုတာကို ပြောပြတယ် ။ သွားချင်သူတွေ အတွက် မဂ္ဂင်ဖောင်ဆိုတဲ့
လမ်းစဉ်(၈)ပါးချမှတ်ပေးတယ် ။ ပြီးတော့ သွားတဲ့ ခရီးမှာ ဒီကွေ့မှာ
အတားအဆီးကို ဒီလိုကျော်ပါ ၊ ဟိုကွေ့မှာ ဟိုလိုကျော်ပါ စသည်
စနစ်တကျသင်ကြားပေးတယ်။ လက်ရှိဘ၀မှာတင် နိဗ္ဗာန်ဆိုတာကို မြင်ရအောင်
ကျင့်နိုင်ကြတယ်။ ဒီတော့ မဂ္ဂင်ဖောင် ကို ပေးနိုင်တဲ့ ဗုဒ္ဓရဲ့ ပညာ ရယ်၊
အကျင့်သီလပိုင်းရယ်ကို ယုံကြည်ကြတယ်။ လေးစားကြတယ်။ ဒီတော့ သူ့ကို
ကိုးကွယ်ကြတယ်။ ဒီမဂ္ဂင်ဖောင်ကို စီးပြီး သွားရာမှာ လှော်ခတ်ဖို့၊
အတားအဆီးတွေမှာ ဗုဒ္ဓပြောသလို ကျော်ဖြတ်ဖို့ကတော့ မိမိကိုယ်သာ ကိုးကွယ်ရာ
ဆိုတာပါပဲ ။

ဒါကြောင့် ဗုဒ္ဓဘာသာမှာ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတာတစ်ခု အရေးပါနေတယ်။
ဘုရားသခင်ကို ယုံကြည်ယုံနဲ့ ကိစ္စပြီးပြီလို့ လက်ခံသူတွေအတွက် ဒီ အချက်က
ရှုပ်သွားစေတယ်။

နောက်တစ်ခု ဗုဒ္ဓဘုရားရှင်ကို မယုံကြည်ဘဲ ကျင့်ရင်လဲ
နည်းမှန်အောင်လိုက်ကျင့်လို့ကတော့ တရားထူးကို ရနိုင်ပါတယ်။ သန္ဒိဋ္ဌိကော ၊
ဧဟိပသိကော စတဲ့ တရားဂုဏ်တော်များက ဒီအချက်ကို သက်သေပြုပါတယ်။

အီဂျစ်နိုင်ငံ မာအတ် ဘုရားကျောင်းက ရှေးဟောင်းခရစ်ယာန်ကြီးတွေဟာ
သမထကျင့်စဉ်တွေကို သီဟိုရ်ကနေသင်ပြီး ကျင့်ကြတယ်။
လေလုံအိမ်တွေမှာတောင်နေပြီး သမာဓိကောင်းကောင်းရအောင် ကြိုးစားကြတယ်။
အတော်ဆုံး ဖာသာကြီးတွေ ကမ္ဘာ(၄၀) အထိ ရှေ့ ၊နောက် ဘ၀တွေကို
မြင်နိုင်ကြောင်း သက်သေပြနိုင်ကြတယ်။ သူတို့ ကမ္ဘာစပုံ ၊ ပျက်ပုံ
တွေ့၇တယ်။ သိရတယ်။ကမ္ဘာစဖြစ်လာနေတဲ့ အချိန်မှာ ဖန်ဆင်းရှုင် ဘုရားသခင်ကို
ရှာမတွေ့ကြောင့်တော့ ၀န်ခံရတယ်။ ( The Supreme Science of The BUddha by
Egerton C. Baptist) ဒီစာအုပ်မှာ ပါပါတယ်။သူတို့ ကမ္ဘာ(၄၀) ကို
ကျော်ပြီးမြင်ချင်ကြတယ်။ မရဘူး။ သီဟိုရ်မှာ ပြန်သွားမေးတယ်။
သီဟိုရ်ဆရာတော်တွေက အထောက်အထားနဲ့ ရှင်းပြရတယ်။ ကိလေသာမကင်းလို့ပါတဲ့ ။
သူတို့ ရတဲ့ အဘိဥာဉ်ဟာ အရှင်အနုရုဒ္ဓါ ရဟန္တာမဖြစ်ခင်ရတဲ့
စွမ်းအားဖြစ်နေပြီနော် ။ သိပ်တော်ကြတယ် ။ ဒီမှာကြည့်ရင် ဘုရားရှင်
မရှိတော့ ပေမယ့် သူဟောခဲ့ သင်ကြားခဲ့တာတွေကို ဗုဒ္ဓဘာသာမ၀င်ပဲ ကျင့်လဲ
ရတယ်ဆိုတာ သေချာနေတယ်။

မြန်မာ ဗုဒ္ဓဘာသာတွေက ဒါန ၊ သီလ ၊ ဘာဝနာ ဒီလို အစဉ်နဲ့ လုပ်တယ်။
အနောက်နိုင်ငံသားတွေက ဘာဝနာ ၊သီလ ၊ ဒါန နဲ့ လုပ်တယ်။ ဘာဝနာလုပ်ကြည့်တယ်
သဘောကျပြီးမှ ဗုဒ္ဓဘာသာကို ၀င်တယ်။ သီလဆောက်တည်တယ်။ လှူတာကို နောက်ဆုံးမှ
လုပ်တယ်။ ဖားအောက်တောရမှာ တရားကျင့်သွားတဲ့ အမေရိကန် ကျောင်းသားဆိုရင်
ဗုဒ္ဓဘာသာမ၀င်ပါဘူး။ ကျောင်းမှာနေပြီး သမထတွေ လုပ်တယ် နတ်၊ဗြဟ္မာ
၊ပြိတ္တာတွေကို သူ့ဟာသူမြင်ရအောင် ကြိုးစားကျင့်တယ်။ ဈာန် သမာပတ်ကို
ကောင်းကောင်းနိုင်ပြီ၊ (၃၁)ဘုံကို လက်ခံနိုင်ပြီးမှ ဘာသာပြောင်းပါတယ်။

ဒီတော့ ဗုဒ္ဓဘာသာဟာ ယုံကြည်တယ်ဆိုတာနဲ့မပြီးပါဘူး။ ကျင့်မှ ရတယ်။ ကျင့်ရင်
ဘယ်သူမဆို ရနိုင်ပါတယ်။ ကုသိုလ်ကို လုပ်ရင် အားလုံး ကောင်းမှု စံစားရမယ်။
အကုသိုလ်ကို လုပ်ရင် အားလုံး မကောင်းမှု ခံစားရမယ်။ ကံ နဲ့ ကံ၏ အကျိုး ၊
ကံ နဲ့ ၀ဋ်တွေကို ဘယ်သူမှ မလွန်ဆန်နိုင်ကြောင်း ကိုလဲ တော်တော်
ရေးထားပြီးသားမို့ ကျေနပ်မယ်ထင်ပါတယ် ။

လက်အိတ်

လူချောလေးတစ်ယောက်မှာ ချစ်စခင်စ ကြင်နာစရည်းစား
အသစ်စက်စက်လေး တစ်ယောက်ရှိတယ်။
သူ့အသည်းလေး မွေးနေ့အတွက် အမှတ်တရဖြစ်အောင်…ဘာလက်ဆောင်ပေးရင်ကောင်းမလဲလို့
အသည်းအသန်စဉ်းစားရပါတော့တယ်။
သူ့အချစ်လည်း ပေါ်လွင်ရမယ်။
သူမအတွက်လည်း အသုံးဝင်ရမယ်။
အမှတ်တရနဲ့ ဂန္ဓ၀င်လည်း မြောက်ရမယ်ပေါ့။
ဈေးကြီးတာလည်း မတတ်နိုင်ဘူးပေါ့။
နောက်ဆုံးအကောင်းစား လက်အိတ်ဖြူဖြူလေးတစ်စုံ
ဝယ်ဖို့ကြည်နူးစွာဆုံးဖြတ်လိုက်နိုင်ပါတယ်။
မိန်းမအသုံးအဆောင် ပစ္စည်းဆိုင်ကို သွားမှာမို့ ချစ်သူရဲ့ညီမလေးလည်းပါလာတယ်၊
ဆယ်ကျော်သက် လှလှလေးပါပဲ။
ဆိုင်ရောက်တော့ သူကလက်အိတ်အဖြူလေးတစ်စုံ ၀ယ်တယ်။
ချစ်သူ့ညီမလေးက အောက်ခံဘောင်းဘီ (ပင်တီ) တစ်ထည်ဝယ်တယ်။
ဖြစ်ချင်တော့ ထုပ်ပိုးပေးတဲ့အရောင်းစာရေးမ အမှားကြောင့် ချစ်သူ့ညီမက
လက်အိတ်ရသွားတယ်။
သူလည်း ဖွင့်စစ်ဆေးမနေဘဲ (ပင်တီ) ပါဆယ်ထုတ်နဲ့ စာတစ်စောင် ရေးပြီးစာတိုက်က
ပို့လိုက်တယ်။

စာကတော့…

အသည်းလေး
ကိုယ်ဘာလို့ ဒီလက်ဆောင်ကို ရွေးချယ်ရသလဲဆိုတော့ မင်းနဲ့ကိုယ် ညနေခင်းတွေ
လမ်းလျှောက်ထွက်တဲ့ အခါ မင်းဝတ်လေ့ဝတ်ထ မရှိဘူးဆိုတာ ကိုယ်သတိပြုမိလို့ပဲ။
ကိုယ်က နှိပ်ကြယ်သီးပါတာ ၀ယ်ဦးမလို့ပဲ။
မင့်ညီမက ချွတ်လို့စွတ်လို့လွယ်အောင် အဲ့ဒါကိုပဲ ၀ယ်ဖို့ တိုက်တွန်းတယ်။
ဟုတ်တယ်…သူစွပ်ပြချွတ်ပြတယ်…လှလိုက်တာလေ။
စွတ်ရချွတ်ရတာလည်း လွယ်တယ်။
အရောင်းစာရေးမကတောင် သူမလည်းဒါပဲ ၀တ်ကြောင်းနဲ့ သူကိုယ်တိုင်
ဝတ်ပြချွတ်ပြသေးတယ်။
အတော်ကြည့်ကောင်းပါတယ်။ သူမက အပေအစွန်းလည်း ရေဆေးရုံနဲ့ ပြောင်ကြောင်း
အာမခံတယ်လေ။
ဒီတစ်ခါ ကိုယ်လာရင် မင်းဝတ်ထားတာ မြင်ချင်တယ်။ တွေ့ရင်တော့လား အထပ်ထပ်အခါခါ
နမ်းပစ်မိမှာပဲ။
သောကြာနေ့မှာ ကိုယ်နမ်းဖို့ ဆက်ဆက်ဝတ်ထားနော်…နော်…

အသည်းလေးရဲ့

ကို

တကယ်ခွင့်လွတ်တာလား

လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်က သူ့ရဲ့လက်ထောက်အကူနဲ့ မီးသီးကို တီထွင်နေတယ်… မောပန်းစွာ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးနောက် အောင်မြင်သွားခဲ့တယ်..
ဝဝဝဝဝဝဝဝဝဝဝဝဝဝဝဝ
အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့ သူ့ရဲ့ တပည့်လက်ထောက်ကို သယ်ဆောင်ခိုင်းတယ်။ တပည့်က သေချာဂရုစိုက်စွာ တလှမ်းချင်း လှေခါးပေါ်တက်တယ်… လက်ထဲက မီးသီးလေးကို ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်ရောက်ခါနီးမှာ မီးသီးကျကွဲသွားတယ်…
နနနနနနနနနနနနနနနနန
အက်ဒီဆင် အပစ်မတင်ခဲ့ဘူး။ နောက်ရက်အနည်းငယ်ကြာ ပြန်တီထွင်ပြီး ရလာတဲ့ မီးသီးကို သူ့ရဲ့တပည့်ကိုပဲ ပြန်ယူခိုင်းတယ်။ ဒီတစ်ခါတော့ တပည့်က ချောမောစွာသယ်ဆောင်နိုင်ခဲ့တယ်။
ငငငငငငငငငငငငငငငငငငင
ဒါကိုကြည့်နေတဲ့လူတစ်ယောက်က ခွင့်လွတ်ရင်ရပြီလေ ဘာလို့ နောက်တစ်ခါထပ်ယူခိုင်းတာလဲ ထပ်ပြီးကျကွဲသွားရင်ဘယ်လိုလုပ်မလဲလို့ မေးတယ်။
အက်ဒီဆင်က “ ခွင့်လွတ်တယ်ဆိုတာ ပါးစပ်ကပဲပြောလို့ရတာမဟုတ်ဘူး။ အခွင့်အရေးပေးရတာ”
ရေးသားသူ-novemberpearl (နိုဝင်ဘာပုလဲ)

ပြသနာ ဖြေရှင်းပုံ(Problem Solving)

ပြသနာ ဖြေရှင်းပုံ(Problem Solving)နှစ်မျိုးရှိတယ်
တစ်မျိုးက "ပြသနာကို အဓိကထားတဲ့ နည်း(Problem Oriented Method)"ပါ။
နောက်တစ်မျိုးကတော့ . . . . .။
"အဖြေကို အဓိက ထားတဲ့ နည်း(Solution-Oriented Method)"ပါ။


ပထမနည်းက "ပြသနာကို အဓိကထားတဲ့ နည်း(Problem Oriented Method)"ပါ။

မိသားစုတစ်စု ရှိတယ်ဆိုပါကြပါစို့ ။
အဖေရယ်... အမေရယ်...အစ်မဖြစ်သူရယ်၊ မောင်လေးရယ်... ပေါ့။
မောင်လေးဖြစ်တဲ့ သူက အတော်ငယ်သေးတယ်။လမ်းလျှောက်တတ်ခါစ ဆိုပါတော့...။
ဟိုဟိုဒီဒီ သွားရင်း ဟိုဟာ လှမ်းကိုင် ဒီဟာလှမ်းဆွဲ လုပ်ရင်း...
ဗြုန်းဆို . . . ရေအိုးစင်က ဖန်ခွက်ကို လှမ်းဆွဲ လိုက်မိတယ်။
"ခွမ်း"ခနဲ မြည်ပြီး ကြမ်းပေါ်မှာ ဖန်ခွက် အကွဲအကြေ အစအနတွေ ဖွေးသွားရော။
အစ်မ ဖြစ်တဲ့ သူက ကမန်းကတန်း ပြေးလာပြီး သူ့ မောင်လေးရဲ့  ကျောပြင်ကို
" ဗြန်း" " ဗြန်း" နဲ့ နှစ်ချက်လောက် စိတ်ရှိလက်ရှိ ရိုက်ပစ်လိုက်တယ်။
ဒီလောက်ဆော့ရပါ့မလား... ပေါ့လေ။
ပြောလဲ ပြော ၊ ရိုက်လဲ ရိုက်နဲ့ ...။ကလေးငိုသံ ကတော့ ကြွက်ကြွက်ညံရော...။
အဲဒီအချိန်မှာပဲ အမေလုပ်တဲ့သူက လက်လှမ်းမှီရာ သနပ်ခါးတုံးနဲ
့ သူ့ သမီးကို လှမ်းပစ်လိုက်တယ်...။"ကလေးကို ရိုက်မနေနဲ့ ... ညည်းကို က အသုံးမကျတာ။
ဖန်ခွက်ကို ကလေးမမှီတဲ့  နေရာမှာထားပါလို့ ငါ ဘယ်နှစ်ခါ ပြောရမလဲ။ စည်းကမ်း မရှိတဲ့ ဟာမ"
သမီး ကလည်း ခွန်းတုံ့ မခံဘူး။ အမေကို ကက်ကက်လန် ပြန်ရန်တွေ့ တယ်။
ဆူကြ၊ ရိုက်ကြနဲ့  ငရဲပွက်နေတုန်း...အဖေဖြစ်တဲ့ သူက မိန်းမကို အပြစ်တင်ပြန်ရော...
"ကလေးတွေက ဘာသိမှာတုန်း ။နင်က အဲသည်လို ကွဲတတ်မှန်းသိရင် ဘာလို့ ဖန်ခွက်ဝယ်သေးလဲ။
စတီးခွက်ဝယ်ပါလား နလပိန်းတုံးမရဲ့ "
"ရှင်ပေးတဲ့  ပိုက်ဆံက ဘယ်လောက်များ ရှိလို့  စတီးခွက် ၀ယ်နိုင်ရမှာလဲ...။
ပိုက်ဆံလေး ခြောက်ပြားတစ်ပဲ နဲ့  အလကား ဘာမှ သုံးမရတဲ့ ယောင်္ကျားကို ယူထားမိတာကိုး"
အဲသည်မှာတင် လင်နဲ့  မယား ထသတ်ပြီး ၀ုန်းဒိုင်းကြဲတော့တာပဲ။
ကဲ...ဒီအဖြစ်အပျက်ကနေ ကျွန်တော်တို့  ဘယ်လို အချက်တွေကို
သင်ခန်းစာ ယူနိုင်သလဲ။
ပြသနာကို ရှေ့ တန်းတင် ရင်းနဲ့  ဖြေရှင်းတဲ့ ဆီ မရောက်ပဲ တစ်ယောက်ကို တစ်ယောက်
အပြစ်တွေ တင်လိုက်တော့ ပြသနာတွေ ပိုပိုပြီး ပွားမလားဘူးလား။

နောက်တစ်နည်းက တော့ "အဖြေကို အဓိက ထားတဲ့ နည်း(Solution-Oriented Method)"ပါ။

ဥပမာ ကတော့ စောစောက မိသားစုနဲ့ တထပ်တည်းပဲ ဆိုပါတော့။
အဖေရယ် ၊ အမေရယ်၊ အစ်မရယ်၊ မောင်လေးငယ်ငယ်လေးတစ်ယောက်ရယ်...။
ဖြစ်ရပ်ကလဲ စောစောကအတိုင်းပဲ ။ ကလေးက ဖန်ခွက်ကို လှမ်းဆွဲတယ်...၊
ဖန်ခွက်ကျပြီးကွဲတယ်။
***(ဒီနေရာမှာ မတူညီတဲ့ ပြသနာဖြေရှင်းပုံကို သတိထားပြီး ကြည့်ရအောင်)
အစ်မဖြစ်တဲ့သူက ကမန်းကတန်းပြေးသွားပြီး...
"ဖယ်... ဖယ်...မောင်လေး ဖန်ကွဲစတွေ စူးမယ်"
လို့ ပြောရင်း ကလေးကိုပွေ့ ချီလိုက်သည်။ တစ်ဆက်တည်းမှာပဲ သူ့ အမေဘက်ကို လှည့်ပြီး...
"မေမေ... မောင်လေးကို မရိုက်ပါနဲ့ ၊ သမီး ကိုယ်တိုင်က ဖန်ခွက်ကို အစွန်မှာ တင်ထားခဲ့ မိလို့ ပါ"
"အို ...သမီးကလဲ စိတ်မကောင်း မဖြစ်ပါနဲ့ ၊ ဖန်ခွက်ဆိုတာ ကွဲ တတ်တဲ့ ပစ္စည်းပဲ ...၊
တစ်ချိန်မဟုတ် တစ်ချိန်မှာ ကွဲ မှာပဲ"
ပြောပြောဆိုဆိုနဲ့  အမေက တံမြက်စည်းတစ်ချောင်းကို ဆွဲယူပြီး ဖန်ကွဲစတွေကို လှည်းကျင်းသိမ်းဆည်းလိုက်တယ်။
အဲဒီအချိန်မှာပဲ ဖခင်ဖြစ်တဲ့ သူက ...
"ဒီအတိုင်းဆို ကလေးအတွက် အန္တရာယ်ရှိတယ်အမေကြီးရေ...
ဖြစ်နိုင်ရင် တို့ တွေ ဖန်ခွက်အစား စတီးခွက် သုံးကြရအောင်၊ လောလောဆယ်
ပိုက်ဆံမလောက်သေးရင်လဲ ပလတ်စတစ်ခွက်ပဲ ၀ယ်ကြတာပေါ့။
အဓိက က မကွဲဖို့ ၊ မရှဖို့ ပဲ မဟုတ်လား"

ကျွန်တော်တင်ပြချင်တာက အဲဒါပါပဲ။
ဒီနည်းက အဖြေကို အဓိက ထားရှာဖွေတဲ့နည်း (Solution-Oriented Method)"ပါ။
အဲဒီ အိမ်ထောင်စု နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ပြီးတော့....
ပြသနာဖြေရှင်းတဲ့ နည်း (၂) နည်းအနက် ဘယ်နည်းကိုသုံးရင် ကောင်းမယ်ဆိုတာ ကိုယ့်ဘာသာကိုယ်ပဲ တွေးကြည့်ကြစေချင်ပါတယ်။
မင်းခိုက်စိုးစန် ၏ ကလေးအတွေး စာအုပ်မှ . . . .

စေတန်
(ခေတ္တ-လူ့ ဘုံ)

ဟာသများ

ဟာသအတိုစုလေးများ..................................

(နှစ်ဦးသဘောတူ)
မောင်ရိုးဆိုသူ လူငယ်တစ်ဦးအားမိဘများက အိမ်ထောင်ပြုရန်ပြောသည်။ မိဘများသဘောတူနေသောမိန်းခလေး အရုပ်ဆိုးသောလည်း အလွန်ချမ်းသာသည်။
မောင်ရိုးကြိုက်နေသောမိန်းခလေးမှာ ဆင်းရဲသော်လည်းချောလှ၏။
ကဲ...မောင်ရိုး မင်းကြိုက်နေသောမိန်းခလေးးကိုယူမလား။ ငါတို့ပေးစားမဲ့မိန်းခလေးကိုယူမလား။
မောင်ရိုး သေချာစဉ်းစားပြီးမှ မိဘများကိုပြောလိုက်သည်....
အမေတို့သဘောတူတဲ့မိန်းခလေးအိမ်မှာထမင်းစားသောက်ပြီး ........သားကြိုက်တဲ့မိန်းခလေးအိမ်မှာအိပ်မယ်ဗျာ နော်....


(ခိုင်းနည်းသစ်)
ယောင်္ကျားဖြစ်သူသည် ဘာခိုင်းခိုင်းအလွန် အပျင်းထူသည်။ မိန်းမဖြစ်သူသည်အားလပ်ချိန်တွင်ယောကျာင်္းကိုခြံထဲဆင်းပြီး သစ်ပင်စိုက်စေချင်သည်။
သို့သော် တော်တော်နဲ့ခိုင်းလို့ရမည်မဟုတ်။တစ်နေ့တွင် အကြံရကာမိန်းမဖြစ်သူက......
`ရှင်ခြံထဲဆင်းပြီးဘာမှမလုပ်တော့ဘူးလား၊သြော်အင်းလေ မလုပ်နိုင်ရင်လဲနေပါစေ။ အသက်လည်းရလာပြီဆိုတော့ အဘိုးကြီးလည်းဖြစ်တော့မှာဘဲလေ´
မကြာမီ သူ၏ယောင်္ကျားထပြီးခြံထဲဆင်း အလုပ်လုပ်လေသည်။

(လက်ထပ်လျင်)
အမျိုးသမီးနှစ်ယောက် တစ်နေ့လက်ထပ်ရင် ဘယ်လိုယောင်္ကျားမျိုးကိုရှာပြီး လက်ထပ်ရမည့် အကြောင်းပြောနေကြသည်။
ပထမမိန်းမ။ ။ငါယူတဲ့ယောင်္ကျားကချမ်းသာတဲ့သူဖြစ်ရမယ်။သဘောကောင်းတဲ့သူဖြစ်ရမယ်။ရုပ်ချောတဲ့သူဖြစ်ရမယ်။
ဒုတိယမိန်းမ။ ။အို..........ဒါဆို နင်ကယောင်္ကျား ၃ ယောက်တောင်ယူမှာလား

(ကြိုက်နေလို့ပါ)
ဒီအမျိုးသမီးကို ခင်များ ဘာလို့အဓမ္မ ကျင့်ရတာလဲ" တရားခံကို တရားသူကြီးကမေးသည်..။
"သူ့ကို ကျနော်ကြိုက်လို့ပါ"ဟုတရားခံက မျက်လုံးနှစ်ဖက် ကို လက်နှင့်ပိတ်ရင်းပြန်ဖြေသည်..။
"ဒီယောက်ျားကိုရော ဘာဖြစ်လို့အဓမ္မ ကျင့်ရပြန်တာလဲ "ဟုတရားသူကြီးကထပ်မေးသည်..။
"သူ့ကိုကျနော်ကြိုက်လို့ပါ "ဟုတရားခံကမျက်လုံးနှစ်လုံးကို လက်ဝါးဖြင့်ပိတ်ရင်းပြန်ဖြေသည်။
'ဒါနဲ့နေပါအုံး ခင်များဘာဖြစ်လို့ မျက်လုံးကိုလက်နှစ်ဖက်နဲ့ ပိတ်ပြီးဖြေနေရတာတုန်း "
"တရားသူကြီးမင်းကိုလည်းကျနော်ကြိုက်နေလို့ပါ..။"

(နောင်တ)
ညတစ်ည သန်းခေင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကို ရှာရာ မီးဖိုချောင်ထဲ၌ ရှိက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်၇လေသည်။


ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ
ကျား ။ တို့ တတွေ သမီးရည်းစားဘ၀ချိန်းတွေ တုန်းက မင်းအဖေကြီးနဲ့ မိသွားတော့ မင်းအဖေကြီးပြောတဲ့ စကားကို မင်းမှတ်မိသေးရဲ့ လား…။ မင်း ငါ့သမီးကို အတည်ယူမှာလား… မယူရင်တော့ ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ ..

ဇနီး ။ မှတ်မိသားဘဲ …အဲဒါဘာဖြစ်လို့ လဲ


ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..

(မထူးပါဘူး)
လမ်းတွင် ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်မှား စီးလာသော ကလေးတစ်ဦးကိုတွေသဖြင့် လူကြီးတစ်ဦးက...
`ဟေ့ချာတိတ် မင်းဖိနပ်အနီတစ်ဖက် ၊အနက်တစ်ဖက် ဖြစ်နေတယ်၊ အိမ်ပြန်လဲလိုက်အုံး´
ဟာ...အိမ်ပြန်လည်း မထူးပါဘူး ဦးဦးရာ...
`ဘာဖြစ်လို့လဲကွ`
`အိမ်မှာလည်း ဖိနပ်အနီတစ်ဖက်၊အနက်တစ်ဖက်ပါဘဲဗျာ.

(ညီမျှသလိုပဲ)
အသက်၄၀ခန့်ရှိသောလူပျိုသိုးကြီးသည် မိဘများအား အိမ်ထောင်ပြုချင်ကြောင်း ဖွင့်ဟပြောသည်။
ထိုအခါမိဘဖြစ်သူတို့က ရိုးအသော သားအကြာင်းသိသဖြင့် ဒါဆိုမေမေတို့က
မင်းနဲ့ရှေ့သွားနောက်လိုက်ညီမဲ့ အသက်၃၀ကျော်မိန်းခလးတစ်ယောက်ရှာပေးမယ်နော်။
ထိုအခါလူပျိုသိုးကြီးက မျက်နှာငယ်လေးဖြင့်.......့် မေမေတို့စကားလည်းနားထောင်ပြီးသားဖြစ်အောင် သားလိုချင်တာလည်းဖြစ်အောင်
အသက်၁၆နှစ်အရွယ် နှစ်ယောက်ယူလို့မရဘူးလားမေမေ...

(လက်တည့်လာလို့ပါ)
လင်မယားနှစ်ဦးကွာရှင်းပြတ်ဆဲမည်ဟု ရုံးတော်သို့ရောက်လာသည်။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမအားကွာရှင်းချင်ပါတယ်...
တရားသူကြီးက.....သီးမခံနိုင်အောင်ဘာကြောင့်များလဲ
ယောင်္ကျားဖြစ်သူက...ဒီမိန်းမနဲ့လက်ထပ်ပြီးတဲ့နှစ်၂၀လုံးလုံးမှာ သူစိတ်တိုင်းမကျရင်တွေတဲ့အရာနဲ့ကောက်ကောက်ပေါက်ပါတယ်။ဒါကြောင့်သီးမခံနိုင်တာပါ။
တရားသူကြီးက....နှစ်၂၀လုံးသီးခံပြီးမှဘာလို့ရုံးတော်ကိုလာတိုင်ရတာလဲ။
ယောင်္ကျားဖြစ်သူက...ဒီမိန်းမရဲ့လက်ကအခုမှပိုပြီးလက်တည့်လာလို့ပါ...

(မှီနိင်သေးတယ်)
အမျိုးသမီး၏နောက်သို့လူငယ်တစ်ယောက် ပြေးလိုက်လာပြီးပြောသည်။
``ဒိမှာခင်ဗျာ၊ ဒိမှာခင်ဗျာ´´
အမျိုးသမီး ပြန်လှည့်ကြည့်ပြီး မေးသည်။
``ကျွန်မကိုခေါ်တာလား ဘာကိစ္စလဲ´´
``ဘတ်စ်ကားပေါ်မှာ ထီးမေ့ကျန်ခဲ့တာ ခင်ဗျားလား´´
အမျိုးသမီးလှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
``ဟုတ်ပါရဲ့ ကျွန်မ ထီးမေ့ကျန်ခဲ့တယ်´´
``အဲဒါဆိုမြန်မြန်ပြေးလိုက်၊ကားကအခုမှ စထွက်ကာစပဲရှိသေးတယ်။´´

(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

(မရှိရင်ပိုကောင်းသေး)
မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ၊ ၊`ရှင်တို့ယောင်္ကျားတွလေ ကျမတို့မိန်းမတွေမရှိရင် တော်တော်စိတ်ညစ်ရမယ်၊
မိန်းမတွေရှိနေလို့သာရှင်တို့ ပုဆိုးတွေ၊ ဘောင်းဘီ၊အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား၊ ၊`အိုမရှိမဖြစ်ဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်း မင်းတို့မိန်းမတွေရှိနေလို့ကွ၊မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာ
မလိုဘူးကွ´

(အပါအ၀င်၂၃ ယောက်မြောက်)

တခါက အရူးတွေကို ခုနှစ်ထပ်ရှိတဲ့အရူးထောင်မှာထား တယ်တဲ့ တနေ့ကျတော့ အရူးတွေက အော်နေကြ တယ် " ၂၂ " ဆိုပြီးတော့ အဲဒါနဲ့တာဝန်ကျဆရာဝန်ကလည်း ထူးဆန်းတယ်ဆိုပြီး မြေညီထပ်ကအရူးတွေကိုသွားမေးတယ် အရူးတွေကအပေါ်ထပ်ကအော်လို့အော်ရတာပါတဲ့ ဒါနဲ့ ဆရာဝန်လည်း ဒုတိယထပ်ကိုတက်သွားပြီးမေးပြန်တယ် ဒုတိယထပ်က အရူးတွေကကျတော့နဲနဲအဆင့်မြင့်လာတယ် စာတန်းတွေဘာတွေနဲ့ပေါ့ သူတို့ကလည်းအပေါ်ကအော်လို့အော်ရတာပါလို့ဖြေပြန်တယ် ဒါနဲ့ထပ်တက်ပြန်တာပေါ့ တတိယထပ်ကျတော့ မိုက်ကရိုဖုန်းတွေဘာတွေနဲ့အော်နေကြတာပေါ့ သူတို့ကလည်း အပေါ်ကအော်လို့အော်ရတာပါလို့ပြောပြန်ကော ဒီလိုနဲ့ တစ်ထပ်ပြီးတစ်ထပ်တက်ရင်းတက်ရင်းနဲ့ နောက်ဆုံးထပ် ခုနှစ်လွာကိုရောက်တော့ အဲအထပ်မှာက ဂိုဏ်းစတား အရူးတွေကြီးပဲရှိတယ် ဒါနဲ့ဆရာဝန်ကထုံးစံတိုင်းမေးပြန်ရောတဲ့ အရူးတွေကဘာမှမပြောဘူး ပြတင်းပေါက်ကို လက်ညိုးထိုးပြတယ် ဆရာဝန်ကလည်းဘာများလည်းဆိုပြီးသွားကြည့်တာပေါ့ အဲချိန်မှာအရူးတွေက ဆရာဝန်ကိုခြေထောက်ကနေကိုင်ပြီး ပြတင်းပေါက်ကနေပစ်ချလိုက်ကြတယ် ပြီးတော့
သူတို့အားလုံးအော်လိုက်တာက ၂၃ ၂၃ တဲ့


(အဲ့ဒါလဲကောင်းပါတယ်)
မိန်းခလေးနှစ်ယောက် စားသောက်ဆိုင်တွင်စကားပြောနေကြသည်။
ပထမ မိန်းခလေး......ငါ့မှာရည်းစားနှစ်ယောက်ရှိတယ်။တစ်ယောက်ကချမ်းသာတယ်၊တစ်ယောက်ကရုပ်ချောတယ်။ဒါဆိုဘယ်သူ့ကိုရွေးရမလဲဟင်။
ဒုတိယမိန်းခလေး......လွယ်ပါတယ်။ရုပ်ချောတဲ့သူနဲ့ ဆက်တွဲနေပေါ့။လက်ထပ်တဲ့ခါမှ ချမ်းသာတဲ့သူနဲ့လက်ထပ်လိုက်။

(သတင်း၃ခု)
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊ နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့  အကောင်းဆုံးပဲ၊ မကောင်းတဲ့ သတင်းက စပြောမယ်၊ မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်…. အဲ …..
အကောင်းဆုံး သတင်းကတော့  ဘေးခန်းက လူနာက ခင်းဗျားရဲ့  ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

(အထီးအမခွဲခြားနည်း)

"မေမေ၊ ကျွန်တော် ယင်ငါးကောင်ကို သတ်လိုက်တယ်၊ နှစ်ကောင်က အထီး၊ သုံးကောင်က အမ" ဟု ငါးနှစ်သား လူငယ်လေးက သူ့မိခင်ကိုပြောလိုက်သည်။
"ဟုတ်လား၊ ဒါနဲ့သားက ယင်ကောင် အထီးနဲ့ အမ ဘယ်လိုခွဲသလဲကွဲ့။"
"အော်…ဒါလား နှစ်ကောင်က ဘီယာပုလင်းပေါ်မှာ၊ သုံးကောင်က ကြည့်မှန်ပေါ်မှာ နားနေကြတာလေ"

(ကောင်းပါတယ်)
မောင်ချစ်။ ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား?
ဇနီးဖြစ်သူ။ ။ ဟင့်အင်း... ကျွန်မညီမနဲ့ပဲ နေမှာ။ ဒါနဲ့ ရှင်ကော ကျွန်မ သေသွားရင် နောက် အိမ်ထောင် ပြုမှာလား?
မောင်ချစ်။ ။ ဟင့်အင်း... ငါလဲ မင်းလိုပဲ မင်းညီမနဲ့ပဲ နေမှာပေါ့။

ဘဝ အခွင့်အရေး

တစ်ခါတုန်းက လူတစ်ယောက်ဟာ တစ်ညမှာ နတ်မင်းကြီးတစ်ပါးနဲ့ ကြုံခဲ့တယ်။ နတ်မင်းကြီးက လူငယ်ကို အပြောင်းအလဲတစ်ခု သူ့ကိုယ်ပေါ်ကျရောက်နိုင်ကြောင်း၊ သူ့မှာသူဌေးဖြစ်နိုင်တဲ့၊ ရာထူးအရှိန်အဝါတွေ ကြီးမြင့်နိုင်တဲ့၊ လှပတဲ့ဇနီးတစ်ဦး ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အများကြီးရှိကြောင်း ပြောခဲ့တယ်။

လူငယ်က နတ်မင်းကြီးပြောခဲ့တဲ့အတိုင်း ထူးခြားတာတွေ သူ့အပေါ်ကျရောက်မယ့်နေ့ကို စောင့်နေခဲ့တယ်။ ဒါပေမယ့် နှစ်လရာသီတွေသာ ပြောင်းသွားတယ်။ သူ့ဘဝဘာမှ မထူးခြားခဲ့ဘူး။ အဲဒီလို တစ်ယောက်တည်း တစ်သက်လုံး ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားခဲ့ရတယ်။

ကွယ်လွန်ပြီးနောက် နတ်မင်းကြီးနဲ့တွေ့ခဲ့ပြန်တယ်။ နတ်မင်းကြီးကိုတွေ့တာနဲ့ သူက "နတ်မင်းကြီး.... အရှင်ပြောတော့ ကျွန်တော်သူဌေးဖြစ်မယ်ဆို၊ ရာထူးကြီးကြီးမားမားနဲ့ ဇနီးချောချောရမယ်ဆို အခုတော့ ကျွန်တော်တစ်သက်လုံး စောင့်နေခဲ့တာ ဘာမှလည်းမရခဲ့ဘူး" လို့ ပြောတယ်။

အဲဒီအခါ နတ်မင်းကြီးက "အသင်ကို သူဌေးဖြစ်နိုင်တဲ့၊ ရာထူးရနိုင်၊ ဇနီးချောချောရနိုင်တဲ့ အခွင့်အရေးပေးမယ်လို့ပဲ ပြောခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားက ဒီအခွင့်အရေးတွေကို လက်လွတ်ခဲ့တယ်" လို့ ပြောတော့ လူငယ်က "အရှင်နတ်မင်းပြောတာကို ကျွန်တော်သဘောမပေါက်ဘူး" လို့ဆိုတယ်။

နတ်မင်းကြီးက ဆက်ပြီးပြောပြန်တယ်။

"တစ်ခါတုန်းက ချမ်းသာနိုင်တဲ့ အခွင့်ကောင်းတစ်ခုကို အသင်ရခဲ့တယ်မဟုတ်လား? ဒါပေမယ့် အသင် မလှုပ်ရှားခဲ့ဘူး။ ဆုံးရှုံးမှာကိုကြောက်ပြီး အသင်သွားမစမ်းသပ်ခဲ့ဘူး။ ဒါကို တစ်ခြားတစ်ယောက်က မကြောက်မရွံ့နဲ့ သွားလုပ်ခဲ့တယ်။ အဲဒီလူဟာ နောက်ဆုံးမှာ မြို့ပေါ်က အချမ်းသာဆုံးလူဖြစ်သွားခဲ့တယ်။ နောက်တစ်ခုရှိသေးတယ်.... အသင်မှတ်မိရဲ့လား! မြို့ပေါ်မှာ ငလျှင်လှုပ်တဲ့အခေါက်တုန်းက အိမ်တော်တော်များများ ပြိုကုန်တယ်။ လူတွေအများကြီး ပိတ်မိနေကြတယ်။ လူတွေကိုကယ်တင်၊ ကူညီနိုင်တဲ့ အခွင့်အရေး အသင်မှာရှိပေမယ့် အသင်သွားမကူညီခဲ့ဘူး။ အသင်မရှိတုန်း အသင့်အိမ်ကို သူခိုးဝင်မှာစိုးတယ်၊ လုယှက်မှာစိုးတယ်ဆိုတဲ့ ဆင်ခြေတွေနဲ့ မျက်စိရှေ့ကအဖြစ်တွေကို အသင်မျက်စိမှိတ်ရှောင်လွဲခဲ့ပြီး ကိုယ့်အိမ်ကိုပဲ စောင့်နေခဲ့တယ်"

နတ်မင်းကြီးရဲ့စကားကို လူငယ်ကဟုတ်မှန်ကြောင်း အားနာပါးနာနဲ့ ခေါင်းညိတ်တယ်။

"လူတွေကို ကယ်တင်၊ ကူညီနိုင်တဲ့အခွင့်အရေးက အသင်ကိုရော၊ အသင့်မြို့ကိုပါ ဂုဏ်တက်စေနိုင်ပေမယ့် အသင်လက်ရှောင်ခဲ့တယ်။ ပြီးတော့ ဆံပင်နက်မှောင်တဲ့ မိန်းမပျိုငယ်လေးတစ်ယောက်ကို အသင်မှတ်မိသေးလား! အဲဒီကောင်မလေးက အသင့်ကို အစွဲလမ်းကြီး စွဲလမ်းစေခဲ့တယ်လေ။ သူကလွဲရင် အသင်ဘယ်သူကိုမှ မချစ်ဘူးလို့ ဆုံးဖြတ်ထားပေမယ့် အသင်ဖွင့်မပြောရဲခဲ့ဘူး။ ဖွင့်ပြောရင်လည်း အသင်ကို သူချစ်လာနိုင်မှာမဟုတ်ဘူး။ လက်ထပ်ဖို့ဆို ပိုဝေးတယ်လို့ အသင်ထင်ပြီး အငြင်းဆန်ကိုခံရမှာကြောက်တာနဲ့ အသင်ဖွင့်မပြောခဲ့ဘူးလေ။ အခွင့်ကောင်းတွေကို အသင်ဘေးကနေ တိတ်တဆိတ် အသင်ဖြတ်ကျော်စေခဲ့တာပဲ မဟုတ်လား!"

နတ်မင်းကြီးပြောသမျှကို လူငယ်က ခေါင်းတညိတ်ညိတ်နဲ့ ဝန်ခံနေခဲ့တယ်။ သူ့မျက်လုံးအိမ်မှာလည်း မျက်ရည်တွေဝဲနေခဲ့တယ်။

"သူပါပဲ.. အသင့်ဇနီးဖြစ်နိုင်သူဟာ အဲဒီကောင်မလေးပါပဲ။ ဘဝတစ်ခုကို ပျော်ရွှင်အောင် ဖန်တီးနိုင်တဲ့အခွင့်အရေး အသင်မှာရှိပေမယ့် အဲဒီအခွင့်အရေးတွေကို ခင်ဗျားလက်လွတ်ခဲ့တယ်"

ကျွန်တော်တို့ရဲ့ နေ့ရက်တွေမှာလည်း အခွင့်အရေးတွေနဲ့ လည်ပတ်နေပါတယ်။ အဲဒီအခွင့်အရေးတွေထဲမှာ အချစ်၊ အလုပ်အကိုင်၊ ရာထူး၊ စည်းစိမ်ဥစ္စာတွေ ပါနိုင်ပါတယ်။ ဒါပေမယ့် လူအများက ကြောက်တဲ့စိတ်နဲ့ ရှေ့တိုးမယ့်ခြေလှမ်းကို ရပ်တန့်လိုက်တတ်ကြပြီး အခွင့်အရေးကို လက်လွတ်လိုက်တတ်ကြတယ်။

အငြင်းဆန်ခံရမှာကိုကြောက်ပြီး လူတွေနဲ့ ကျွန်တော်တို့ မဆက်ဆံရဲခဲ့ကြဘူး။
အလှောင်ခံရမှာကိုကြောက်ပြီး လူတွေနဲ့မပြောဆိုရဲ၊ ထုတ်ဖော်မပြောရဲခဲ့ဘူး။
ဆုံးရှုံးရမှာကိုကြောက်ပြီး တစ်ပါးသူအတွက် မပေးဆပ်ရဲခဲ့ကြဘူး။
မအောင်မြင်မှာကိုကြောက်ပြီး သွားမစမ်းသပ်ရဲခဲ့ကြဘူး။

ဒီလိုနဲ့ အခွင့်အရေးတွေက ကျွန်တော်တို့အပါးကနေ တိတ်တဆိတ် ဖြတ်ကျော်သွားခဲ့ကြတယ်။

မူရင်း-- http://share.youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Tuesday, March 9, 2010

လူ့ဘ၀၏ ၆ပုံ

တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့ သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။ လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
“ ခင္ဗ်ား သခ်ာၤေဗဒတတ္သလား”
“ ကျွန်တော် မတတ်ပါဘူး”
“ရူပဗေဒ တတ်သလား”
“ဒါလဲ မတတ်ပါဘူး”
“ဒါဆိုရင် ခင်ဗျား ကွန်ပြူတာသုံးတတ်သလား”
“စိတ်မကောင်းပါဘူး...ဒါလဲ ကျွန်တော်မတတ်ပါဘူး”
ဆရာမှာ ခေါင်းခါပြီး “သချာင်္မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၂ပုံကို ခင်ဗျားဆုံးရှုံးမယ်”
“ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်”
“ကွန်ပြူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်..ခင်ဗျားရဲ့ ဘ၀ ၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ”

ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။ မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။ ထိုအခါ လှေသမားက ဆရာအား “ ခင်ဗျား ရေကူးတတ်သလား” ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး “ကျွန်တော် မကူးတတ်ဘူး။ တစ်ခါမှ မသင်ဖူးဘူး” ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..“ ဒါဆိုရင် ခင်ဗျားရဲ့ဘ၀ ၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်” ဟု ပြန်ဖြေခဲ့သည်။

လူတယောက်ဟာ ကိုယ့်ရဲ့ အဆင့်အတန်း ကိုယ့်ရဲ့ စံချိန်နဲ့ အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာ ပညာရှင်တစ်ဦးပါ။ သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပြူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာ အဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။ ဒါဟာ ပညာရှင်တွေရဲ့ အယူအဆပါ။ လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာက သူ့အတွက် “ရှင်သန်” ဖို့ အားအင်တွေ ရှိနေဖို့ပဲ။ ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။ လှေမှောက်သွားရင် ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။

တပါးသူကို အထင်မသေးပါနဲ့။
“ငါ”ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး ဒါပေမဲ့ သူဟာ ရိုးသားတယ် မကောင်းတာကို မကြံစည်တတ်ဘူး။ ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကို ကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ “အရည်အချင်း” သူ့မှာ မရှိသလို သူ့ရဲ့ “အရည်အချင်း”လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။

ရည်မှန်းချက် (၃)ခု

Taiwan National Tsing Hua University က အီကို ဆရာတစ်ဦးရဲ့ ကိုယ်တွေ့ဖြစ်ရပ် တစ်ခုလို့ ဖတ်ရပါတယ်။

ဒုတိယတန်းတက်နေတဲ့ ကျွန်တော့်သားက သူ့ရဲ့နောက်ဆုံး စာမေးပွဲအတွက် ဆရာမက ပုစ္ဆာတစ်ပုဒ် ပေးလိုက်တယ်။ ပုစ္ဆာက အဖေဖြစ်တဲ့ ကျွန်တော့်ကို သူက အင်တာဗျုးဖို့ပါပဲ။ မေးခွန်း ၆ခု ပါပြီး မေးခွန်းတ၀က်က ချရေးရမှာ ဖြစ်တယ်။ ကျွန်တော်ဘယ်မှာ အလုပ်လုပ်သလဲ။ ဘာတာဝန်ကို ယူရသလဲ စတဲ့ မေးခွန်းတွေဖြစ်ပြီး နံပါတ်(၅)မေးခွန်းက ကျွန်တော့်ရဲ့ ရည်မှန်းချက်ကဘာလဲ အဲဒီရည်မှန်းချက်ကို ဘယ်လို အကောင်အထည်ဖော်သလဲ ပဲဖြစ်တယ်။

ကျွန်တော်က သားကို ကျွန်တော့် ရည်မှန်းချက်(၃)ခု ပြောပြပါတယ်။
“ဖေဖေ့ရဲ့ ပထမ ရည်မှန်းချက်က စားဝင်ဖို့”
သားက တစ်ခုချင်းစီ ချရေးနေရာက ကျွန်တော့်ကို ခေါင်းထောင် ကြည့်တယ်။ နောက်နေတယ် အထင်နဲ့ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ ဒီပုစ္ဆာဟာ တစ်ခြားပုစ္ဆာတွေထက် အမှတ်၃ဆ ပိုတာကြောင့် ရမှတ်ကို သူ အလေးအနက်ထားပုံရတယ်။

“သားက ဗျူးတဲ့သူပဲ အဗျူးခံရသူ ဘယ်လိုဖြေရင် ဘယ်လိုရေးပေါ့....မယုံရင် မမေးရုံပဲပေါ့ သား” သားက မကျေမနပ်နဲ့ ကျွန်တော့်ရဲ့ ပထမရည်မှန်းချက် စားဝင်ဖို့ ဆိုတာကို ချရေးလိုက်တယ်။
“ဖေဖေရဲ့ ဒုတိယ ရည်မှန်းချက်က အိပ်ပျော်ဖို့”
“တခြား လူတွေကို မေးရင် သူတို့ရဲ့ ရည်မှန်းချက်က ပညာရှင် လုပ်မယ် ဒါမှမဟုတ် အရေးကြီးတဲ့ ကိစ္စတွေလုပ်မယ်။ ဖေဖေ့လို ရည်မှန်းချက်က ကလေးတစ်ယောက်တောင် ဖြေတတ်တယ်။ သားကို အမှတ်လျော့ဖို့ ဖေဖေ လုပ်နေတာလား” မယုံရင် မမေးရုံပေါ့လို့ သားကို ကျွန်တော် ပြန်ပြောလိုက်တော့ မီးဖိုထဲမှာ ရှိနေတဲ့ သူ့အမေဆီ ငိုယိုပြီး ပြေးသွား ပါတော့တယ်။ သူ့အမေကလဲ ဗျူးသူက အဗျူးခံရသူကို ဒီလိုဖြေရမယ် ဟိုလိုမဖြေရဘူးလို့ မတောင်းဆိုရဘူးလို့ ပြောလိုက်မှ မျက်ရည်လေးသုတ်ပြီး ကျွန်တော့်ရဲ့ နောက်ဆုံးရည်မှန်းချက်ကို မျှော်လင့်ချက်မဲ့စွာ မေးပြန်တယ်။

“ဖေဖေရဲ့ တတိယရည်မှန်းချက်က ရယ်မောနိုင်ဖို့”
ကျွန်တော့်ရဲ့ တတိယ အဖြေကို ကြားတော့ သားဟာ စိတ်မထိန်းနိုင်တော့ဘဲ “တခြားမိဘတွေက သူတို့သားသမီးတွေကို ကူညီကြတယ်။ ဖေဖေက သားကိုချောက်ထဲ တွန်းပို့နေတယ်” လို့ပြောပါတယ်။ “ဖေဖေဖြေတာတွေကို သားရေးပြီးရင် “ဖေဖေ့အပေါ် ကျွန်တော်၏အမြင်”ဆိုပြီး စာစီစာကုံးတစ်ပုဒ် ထပ်ရေးလိုက်...ပြီးတော့ဖေဖေဖြေထားတဲ့ အဖြေနဲ့ တွဲတင်လိုက်... ဒါမှ သားဆရာမက သား လျှောက်ရေး ထားတာ မဟုတ်ဘူး.... ဒါဟာ ဖေဖေ့ရဲ့ အကျင့်စရိုက်တွေပဲဆိုတာကို သိလိမ့်မယ်”

ကျွန်တော့် အပြောကို သားက လက်ခံပြီး ဆောင့်အောင့်ပြီး ကျွန်တော့်အပေါ် သူ့ရဲ့အမြင်ကို စာပိုဒ်တောင် မခွဲဘဲ အမြန်ဆုံးချရေးလိုက်တယ်။ သူရေးထားတဲ့ စာက......
“အရေးကြီးတဲ့ မေးခွန်းတွေ ဖေဖေ့ကို ကျွန်တော် မေးတိုင်း ဖေဖေဟာ ကျွန်တော့်ကို လိမ်ခဲ့တယ်။ ကျွန်တော်က ဖေဖေ ဒါအရေးကြီးတဲ့ မေးခွန်းနော်လို့ပြောလဲ ဖေဖေက ကျွန်တော်ကို နောက်ပြောင်ပြီး ဖြေခဲ့တယ်။ ဒီမေးခွန်းဟာ အမှတ်အမြင့်ဆုံး မေးခွန်းလို့ ပြောခဲ့ပေမယ့် ဖေဖေဟာ ဘာမဆို ပေါ့ပေါ့တန်တန်ပဲ ဖြေခဲ့တယ်။ဖေဖေဟာ အလုပ်က ပြန်လာတိုင်းလဲ ဖိနပ်မချွတ်ဘဲ တီဗွီကြည့်တယ်။ ကြည့်လိုက်တိုင်း နပမ်းကား၊ အသတ်အပုတ်ကားတွေနဲ့ ပျင်းဖို့ကောင်းတဲ့ အစီအစဉ်တွေပဲ ကြည့်တယ်။ ဒါပေမဲ့ ဖေဖေမှာ အဆိုးတွေများလဲ ကျွန်တော့်ကို တော်တော်ချစ်တယ်။ ကျွန်တော့်ဖေဖေက ထူးဆန်းတယ်။ ခဏနေရင် ကျွန်တော့်ကို ဆူလိုက်.. ခဏနေရင် ကျွန်တော့်အပေါ် ကောင်းလိုက်နဲ့။ ကျွန်တော်က သူ့သားဖြစ်နေလို့ ထင်ပါတယ်။ဖေဖေ မှုမမှန်တာလား မသိဘူး။ ဆရာမရော... ဘယ်လိုထင်သလဲ”

နှစ်ရက်ကြာတော့ ဆရာမ ဘာပြောလဲလို့ သားကို ကျွန်တော်မေးလိုက်တယ်။ သားက အားနာဟန်နဲ့.....
“ဆရာမက သားကိုခေါ်ပြီး ဖေဖေ့ကို ဗျူးထားတာတွေ အရမ်းကောင်းတယ်လို့ ပြောတယ်။ ကျွန်တော့်ကို (၉၈)မှတ်ပေးတယ်။ အတန်းထဲမှာ အမှတ်အမြင့်ဆုံးပဲ.. သားတို့ အတန်းထဲက စာရိတ္တမောင် ထက်တောင် မြင့်တယ်။ နောက်ကျွန်တော်ရေးထားကို ဆရာမက တစ်ခန်းလုံးကို ဖတ်ပြတယ်”
“ဘာကြောင့်လဲလို့ သားဆရာမက မပြောပြဘူးလား”
“ဆရာမက ပြောတယ်.. သူ့အမျိုးသားဟာ အခုတလော အလုပ်လုပ်ရတာ အဆင်မပြေဘူးတဲ့။ ညည အိပ်မပျော်တာ ရက်တော်တော်ကြာနေပြီတဲ့။ အစားလည်း နည်းတယ်တဲ့။ ဖေဖေ့ရဲ့ ရည်မှန်းချက်တွေဟာ အရမ်းအဓိပ္ပါယ် ရှိတာပဲတဲ့”
“ဖေဖေ့ သားကို ချောက်မတွန်းဘူးဆိုတာ.. အခုတော့ သားသိပြီ မဟုတ်လား” သားက ခေါင်းငြိမ့်ပြတယ်။

ဒါပေမဲ့ ဆရာမက သူရေးထားတဲ့ “ဖေဖေ့အပေါ် ကျွန်တော်၏အမြင်” ဆိုတဲ့ စာကို စာစီစာကုံး ပြိုင်ပွဲထဲ ထည့်ပြိုင်တာ ဆုရတာကို သူ အံသြနေခဲ့တယ်။ ဘာကြောင့်ဆုရသလဲ ဆိုတာကိုတော့ ဥာဏ်အသင့်အတင့် သာ ရှိသေးတဲ့သူ သဘောပေါက်ပုံ မရခဲ့ဘူး။

လူ့ဘ၀ လမ်းခရီး တလျှောက်မှာ ဒီရည်မှန်းချက် (၃)ခုကို အကောင်အထည်ဖော်ဖို့ သိပ်မလွယ်တဲ့ အကြောင်း ကျွန်တော့်ထက် နောက်ကျပြီးမှ သားခံစားမိနိုင် ပါစေလို့ ကျွန်တော်မျှော်လင့်ပါတယ်။

သွားတိုက်ဆေး အသုံးဝင်ပုံ

(၁)ရေစက်ခေါင်းတွေ ပြောင်လက်တောက်ပချင်ရင် အဝတ်စမှာ သွားတိုက်ဆေးနည်းနည်းထည့်ပြီး ပွတ်တိုက်ပေးနိုင်ပါတယ်။

(၂)မျက်နှာသစ်ဘေစင်၊ ရေချိုးဘေစင်တွေပြောင်လက်ချင်ရင် ဖောမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ဆေးကြောပေးနိုင်ပါတယ်။

(၃)အဝါရောင်သမ်းနေတဲ့ အိမ်သုံးပစ္စည်းတွေကို အဝတ်စမှာ သွားတိုက်ဆေး နည်းနည်းထည့်ပြီး ပွတ်တိုက်ပေးရင် အရောင်လက်စေပါတယ်။

(၄)မီးဖိုပေါ်က မည်းညစ်နေတဲ့ ဆီချေးတွေကို ရေနွေးနဲ့အရင်လောင်းပြီး သွားတိုက်ဆေးထည့်ထားတဲ့ အဝတ်စနဲ့ပွတ်တိုက်ပေးနိုင်ပါတယ်။

(၅)ငါးကိုင်ပြီးနောက် လက်မှာငါးညှီနံ့တွေ စွဲနေရင် သွားတိုက်ဆေးနဲ့ ဆေးပေးနိုင်ပါတယ်။

(၆)လက်မှာဆီချေး၊ ဆေးကြောရခက်တဲ့ ဆီ၊ မင်တွေစွန်းပေခဲ့ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောနိုင်ပါတယ်။

(၇)အင်္ကျီလက်ဝ၊ ကော်လံတွေမှာ ချေးတွေပေးပြီး ဆေးကြောရခက်ခဲ့ရင် သွားတိုက်ဆေးအရင်ပွတ်ပေးပြီး ဆေးကြောပေးနိုင်ပါတယ်။

(၈)စီးတာကြာလို့ အဝါရောင်သမ်းလာတဲ့ ဖိနပ်အဖြူရောင်တွေကို အရင်ဆေးကြောပြီး သွားတိုက်ဆေးနဲ့ ပွတ်တိုက်ဆေးကြောပေးနိုင်ပါတယ်။

(၉)လက်နှိပ်ဓာတ်မီး အသုံးကြာလို့ အလင်းပြန်တဲ့မျက်နှာပြင် ဝါသွားခဲ့ရင် သွားတိုက်ဆေး ၃~၅မိနစ်ခန့် ပွတ်ထားပြီး အဝတ်စနဲ့သုတ်ပေးနိုင်ပါတယ်။

(၁ဝ)မတော်တဆအပူလောင်တဲ့ ဒဏ်ရာကို သွားတိုက်ဆေးပွတ်ပေးရင် အနာသက်သာစေနိုင်ပါတယ်။ သွေးထွက်တဲ့ဒဏ်ရာတွေကို သွားတိုက်ဆေးနဲ့ အရင်ဆေးကြောပြီး ထပ်ပွတ်ထားပေးရင် အနာခြောက်လွယ်စေပါတယ်။

(၁၁)တူးနေတဲ့မီးပူအောက်ခြေ ပြောင်လက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၂)ရောင်အမ်းတဲ့ အနာတွေ အရောင်လျော့ချင်ရင် သွားတိုက်ဆေး လိမ်းထားပေးနိုင်ပါတယ်။

(၁၃)မိုးဒဏ်၊ လေဒဏ်ကြောင့် အရောင်လွင့်နေတဲ့ ကားတံဆိပ်တွေ ပြောင်လက်ချင်ရင် သွားတိုက်ဆေး ပွတ်တိုက်ပေးနိုင်ပါတယ်။ ခြစ်ရာရှိတဲ့ ကားမှန်၊ ကားဘော်ဒီတွေကိုလည်း သွားတိုက်ဆေးပါတဲ့အဝတ်နဲ့ မိနစ်အနည်းငယ်ကြာပွတ်တိုက်ပေးပြီး အဝတ်သန့်နဲ့ ထပ်ပွတ်တိုက်ပေးနိုင်ပါတယ်။

(၁၄)အိမ်နံရံပေါ်က ကလေးတွေဆွဲခြစ်ထားတဲ့ ခဲတံ၊ ဘောလ်ပင်၊ မြေဖြူ အရစ်အကြောင်းခြစ်ရာတွေ ဖျက်ချင်ရင် အဝတ်စမှာ သွားတိုက်ဆေးထည့်ပြီး အလွယ်တကူဖျက်နိုင်ပါတယ်။

(၁၅)လက်ပတ်နာရီမှန်ခွက်ပေါ်က အရစ်အကြောင်းပျောက်ချင်ရင် သွားတိုက်ဆေးနဲ့ ပွတ်တိုက်ပေးနိုင်သလို စီတီခွေမျက်နှာပြင်က အရစ်အကြောင်းတွေကိုလည်း သွားတိုက်ဆေးပွတ်ပြီး မိနစ်(၂ဝ)ကြာပွတ်တိုက်ပေးရင် အရစ်တွေပျောက်နိုင်ပါတယ်။

(၁၆) မည်းညစ်နေတဲ့ မှန်တွေကိုလည်း သွားတိုက်ဆေးနဲ့ ပွတ်တိုက်နိုင်ပါတယ်။

(၁၇) နံရံပေါ် ပန်းချီကားတွေကို သွားတိုက်ဆေးနဲ့ ကပ်ရင် ပိုခိုင်ခန့်တဲ့အပြင် နံရံကိုလည်း မပျက်ဆီးစေပါဘူး။ ပန်းချီကားကို နံရံပေါ်ကခွါချင်ရင် ကပ်ထားတဲ့နေရာကို ရေဆွတ်ပြီး အလွယ်တကူခွါနိုင်ပါတယ်။

Monday, March 8, 2010

ကင်ဆာ နှင့် ဒူးရင်းသြဇာ

ကျွန်မတို့ရုံးနှစ်ပတ်လည်အစည်းဝေးအတွက် နိုင်ငံအသီးသီးကတက်ရောက်လာတဲ့
ကိုယ်စားလှယ်တွေ ထဲမှာ တစ်ယောက်ကျွန်မတွေ့တော့ တော်တော်အံ့အားသင့်သွားတယ်။
ဒီနှစ်စမှာဘဲ ဆေးစစ်တဲ့အခါ
ကင်ဆာလို့အဖြေထွက်ပီးကျွန်မတို့တစ်တွေစိတ်မကောင်းဖြစ်နေခဲ့တာပါ။
အခုပြန်တွေ့တော့ လန်းဆန်းကျမ်းမာတက်ကြွနေတော့ စကားစမြည်ပြောရင်းနဲ့
ဆေးနည်းလေးတစ်ခုရလာတာကို ဝေမျှခြင်လို့ပါ။
အခုတစ်လော ကင်ဆာ ဆိုတာနဲ့ လူတွေကလန့်နေကြပါပီ။ ခီမိုသွင်းရတာနဲ့
မိသားစုဝင်တွေစိတ်ပင်ပန်းကြတာနဲ့ ရုတ်တရက် သေဆုံးသွားတာ နဲ့ ဒါကြောင့်
ကျွန်မတို့ရုံးက အန်တီဆိုရင် သူ့ကင်ဆာဖြစ်တာသူများကိုမသိစေချင်ဘူး၊
သူများတွေသူ့ကိုသေလူလို့
ကြည့်နေတဲ့အကြည့်တွေမခံနိုင်ဘူးဆိုပီးရင်ဖွင့်ရှာပါတယ်။ ကျွန်မ ရဲ့ အချစ်ဆုံး
ကြီးကြီး လဲ ကင်ဆာနဲ့ဆုံးသွားသလို အမလိုခင်မင်ပီးချစ်ရတဲ့ ရှေ့နေမမ တစ်ယောက်လဲ
ကင်ဆာနဲ့ ဘ၀ဆုံးသွားရရှာပါတယ်။ အထူးသဖြင့် ကျွန်မတို့မိသားစုနဲ့
နှစ်အိမ်တစ်အိမ်လိုဖြစ်နေတဲ့ မိုးကောင်းက အန်တီနဲ့အန်ကယ်လဲ
ကင်ဆာနဲ့ဘဲဆုံးပါးသွားကြတယ်။ အရင်ကတော့ ပန်းခါး ဆိုတာအရမ်းကို နာမည်ကြီးတယ်။
ပန်းပင်အခြောက်လေးတွေကိုရေနွေးကြမ်းလိုလုပ်သောက်ရတာပါ၊ အရမ်းကိုခါးတော့
ကျွန်မတောင်စမ်းသောက်ကြည့်ပီးတွန့်သွားတာနဲ့ မသောက်ဖြစ်တော့ပါဘူး။
ခီမိုသွင်းထားတဲ့လူနာတွေဆို ခံတွင်းထဲဘာထည့်ထည့်အရသာမရှိတော့ဘူး။
အရမ်းလဲသနားဖို့ကောင်းပါတယ်။
ကင်ဆာရောဂါဖြစ်နေသူများအတွက်သတင်းကောင်းပါ။
အရသာလဲမဆိုးတဲ့ဘဘာဝအသီးပင်ရဲ့အရွက်ကိုပြုတ်သောက်ရုံတင်နဲ့ ကင်ဆာရောဂါကို
ပျောက်ကင်းသက် သာစေတာ ကျွန်မမျက်စိရှေ့မှာတင် ၄ ယောက်လောက်တွေ့ခဲ့လို့
ရဲရဲကြီးမျှဝေလိုက်ပါတယ်။
ဆေးပညာအကြောင်းအစုံလင်နားမလည်ပေမယ့် ခီမိုသွင်းတာ ကင်ဆာ cell
အကောင်းရောအဆိုးပါသတ်ပစ် တာဖြစ်ပီး ဒီဒူးရင်းသြဇာအရွက်ပြုတ်ရည်ရဲ့ အာနိသင်ကတော့
ကင်ဆာ ဆဲလ် ချည်းသတ်သတ်ကိုသာ သတ်ပစ်တယ်လို့ ရှင်းပြပါတယ်။
ကျွန်မညီမလေးကျောင်းက ပရော်ဖက်ဆာကတော့ လူတိုင်းတော့ ပျောက်နိုင်မှာမဟုတ်ဘူး၊
တစ်ယောက်နဲ့ တစ်ယောက် ကင်ဆာဖြစ်ပုံအမျိုးစားခြင်းမတူသလို ခန္တာကိုယ်က
တုံ့ပြန်ပုံခြင်းလဲမတူနိုင်ပါဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်
ကျွန်မအကြံပေးခြင်တာကတော့ အနည်းနဲ့အများ ပျောက်သွားသည်ဖြစ်စေ
သက်သာသွားသည်ဖြစ်စေ အန္တရယ်မရှိတာမို့ စမ်းသောက်ကြည့်ကြဖို့တိုက်တွန်းပါရစေ။
ကိုယ်နဲ့သိတဲ့ မိတ်ဆွေ သူငယ်ချင်း ဆွေမျိုးသားခြင်းများမှာလဲ
ကင်ဆာရောဂါရှိတဲ့သူများရှိရင် ထပ်ဆင့် ဝေဌပေးကြပါ နော်။ ကင်ဆာဆဲလ် တွေ
စစ်တဲ့အခါတိုးတက်မှုရှိမရှိကို သိလာပါလိမ့်မယ်နော်။


ဒူးရင်းသြဇာလို့ မြန်မာပြည်မှာခေါ်တဲ့အသီးကို သိကြမယ်ထင်ပါတယ်နော်။
အဲဒီအသီးပင်ရဲ့အရွက် ကိုပြုပ်သောက်ရမှာဖြစ်ပါတယ်။
ဆေးနည်းကတော့
အရွက် (၂၀) ရွက် ကို ရေ ၆-၈ ခွက်ထည့်ပီး မီးအေးအေးနဲ့ (၂)
နာရီကြာအောင်တည်ရပါမယ်။

တစ်ရက်ကို (၃) ခါ နှစ်ခွက်စီ သောက်ပါ

(၅)ရက်သောက်ရမှာဖြစ်ပါတယ်။

လိုအပ်ရင် ဆက်သောက်သွားလို့ရပါတယ်။ အသီးလဲကြိုက်တတ်ရင်ရန်ဖန်ရံခါစားပေးပါ။


ကင်ဆာရောဂါရှိသူများ၊ အသိမိတ်ဆွေအမျိုးထဲမှ ရောဂါရှိသူများကို
သဘာဝဆေးဖြစ်တာကြောင့် ဘေးဥပဒ်မသင့်မှာမို့ စမ်းကြည့်ကြဖို့ တိုက်တွန်းကြပါနော်။
သက်သာပျောက်ကင်းသွားတယ်ဆိုရင် ...ကိုယ့်အတွက်အမြတ်ပါဘဲ...