Saturday, April 3, 2010

မိုက်သဟ

ဒါကြောင့်

မှတ်တိုင်မှာ ဘတ်စ်ကားထိုးရပ်လိုက်သည့်အခါ တန်းစီစောင့်နေကြသည့်
ခရီးသည်တွေအနက် ထိပ်ဆုံးက အချောအလှ အမျိုးသမီးကြီးသည် ဘတ်စ်ကားပေါ်တက်ရန်
ကြိုးစားလေသည်။ သို့သော် တင်းတင်းကျပ်ကျပ် စကတ်ကြောင့် တက်မရ။ တက်မရသည့်
အကြောင်းရင်းကို အမြန်စဉ်းစားလိုက်ပြီး လှုပ်ရှားရတာ လွယ်ကူစေရန်
လက်ကိုနောက်ပစ်ရု ဇစ်ကို နည်းနည်းဖြုတ်တယ်။ သို့သော် သူမဧ။် စကတ်က
တင်းကျပ်နေဆဲ။ ထို့ကြောင့် ဇစ်ကို နည်းနည်း ထပ်ဖြုတ်လိုက်ပြန်ဧ။်
သို့တိုင် တက်မရ ဖြစ်နေတုန်းမို့ တတိယအကြိမ် ထပ်ဖြုတ်ပြန်ဧ။် တက်ရ်ုမရ ဖြစ်နေဆဲ။
ထိုအခါ သူမနောက်မှ အမျိုးသားသည် မစောင့်နိုင်တော့ရု သူမခါးကို
ညင်ညင်သာသာကိုင်ပြီး ဘတ်စ်ကားပေါ် မ.တင်ပေးလိုက်ဧ။် သည်တော့ အမျိုးသမီး
စိတ်ဆိုးသွားဧ။်
"ရှင့်ကိုရှင် ဘယ်သူလို့ထင်ပြီး ခုလို ကျွန်မကို ပိုင်စိုးပိုင်နင်း လုပ်ရတာလဲ.."
သည်တော့ အမျိုးသားက
'' သိဘူးလေဗျာ။ ခင်ဗျားက ကျုပ်ဘောင်းဘီဇစ်ကို ဖြုတ်ဖြုတ်နေတော့
ကျုပ်တို့ဟာ သူစိမ်းတွေ မဟုတ်ဘူးလို့ ကျုပ်လည်း ယူဆမိလိုက်တာပေါ့ဗျာ"
ဟုပြန်ပြောလိုက်ဧ။် ။


မသိလိုက်ဘူး

ကက်စီနို လောင်းကစားဝိုင်း ခုံတခုမှာ ဒိုင်လုပ်သူနှစ်ယောက်ဟာ ထိုးသားမရှိလို့ ပျင်ပျင်းရိရိဖြစ်နေကြတယ်။

ရုတ်တရက် တောင့်တောင့် ဖြောင့်ဖြောင့်နဲ့ ရုပ်ချောချော မိန်းမငယ်လေး တစ်ယောက် ရောက်လာပြီး ခုံပေါ်ကို ဒေါ်လာ နှစ်သောင်း ပြစ်တင်လိုက်တယ်။

“အကုန်လောင်းတယ်၊ အန်စာ တစ်ချက်ပဲ ခေါက်မယ်။ ဒါပေမယ့် တခုတော့ ရှိတယ်နော်၊ ကျွန်မက အင်္ကျီမပါပဲ အန်စာခေါက်ရင် ကံကောင်းတတ်လို့ ရှင်တို့ စိတ်မရှိဘူးဆိုရင် အင်္ကျီတွေ အားလုံးချွတ်ပြစ်ချင်တယ် “ ပြောပြောဆိုဆို အ၀တ်တွေ ချွတ်ချလိုက်တယ်။

ပြီးတော့ “အ၀တ်အသစ်တွေ ၀တ်နိုင်ပါစေ.. “ လိုအော်ပြီး အန်စာခေါက်လိုက်တယ်။

“ ဟေး…. နိုင်ပြီဟေ့ နိုင်ပြီ ” အားရပါးရ ခုန်လိုက်ပြီး ဒိုင်လုပ်သူ နှစ်ယောက်ကို ထဖက်တယ်။

ချက်ချင်းပဲ သူအ၀တ်နဲ့ အနိုင်ရတဲ့ ပိုက်ဆံတွေ ယူပြီး အမြန်ထွက်သွားတော့တယ်။

အဲ့ဒီတော့မှ ဒိုင်တစ်ယောက်က ရုတ်တရက် အသက်ပြန်ဝင်လာသလို သူဘေးက အဖော်ကိုလှမ်းမေးတယ်။

“ သူ့ အန်စာက ဘာကျသွားတာလဲ”

ကျန်တစ်ယောက်က

“ ဟေ…. မသိဘူးလေ ငါက မင်းကြည့်လိုက်တယ်ထင်လို့”

No comments: