Sunday, February 28, 2010

စကားကောင်း v.s စကားဆိုး -- လျှပ်တစ်ပြက်အတွင်းမှာ

အဖြစ်အပျက်တစ်ခုက ဒီလိုဆိုပါတယ်။

ခင်ပွန်းဖြစ်သူက ဇနီးကို ပွေ့ဖက်နမ်းရှုံ့ရင်း စိတ်အားထက်သန်စွာနဲ့ ဇနီးကို အခုလို ချီးမွမ်းစကားဆိုတယ်။

“ခင့် အသားအရည်လေးက ကိုင်ရတာ နူးညံ့နေတာပဲ.. အသက် (၄ဝ)လို့တောင် မထင်ရဘူး”

ဇနီးက ရှက်ရယ်ရယ်ရင်း “ဟုတ်လား မောင်! ကိုင်ဖူးသူတိုင်းကလည်း အဲဒီလိုပဲပြောတယ်”

“ဖြောင်း” စကားသံနဲ့အတူ နားရင်းရိုက်သံက ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တယ်။

“လူဘယ်နှယောက် ကိုင်ခဲ့ဖူးလဲ? မှန်မှန်ပြောစမ်း”

“မျက်နှာပေါင်းတင်တဲ့ဆိုင်က ဝန်ထမ်းတိုင်း အဲဒီလိုပဲပြောတာပဲ”

ခင်ပွန်းရဲ့ ဒေါသစကားကို ဇနီးက ငိုငိုယိုယိုနဲ့ ရှင်းပြတယ်။

ဒါဟာ တကယ်ဖြစ်ပျက်ခဲ့ဖူးတဲ့ အဖြစ်အပျက်လို့ဆိုပေမယ့် ဘယ်လိုကြည့်ကြည့် ဟာသတစ်ခုနဲ့ တူနေခဲ့တယ် မဟုတ်ပါလား!
တကယ်လို့ သေသေချာချာ အာရုံစိုက်တတ်ခဲ့ရင် ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း ဒီလိုရယ်စရာစကားတွေ ပြည့်နှက်နေတယ်ဆိုတာကို သတိထားမိကြပါလိမ့်မယ်။

အပြောမတတ်တဲ့ စကားတစ်ခွန်းကြောင့် ကြည်နူးစရာအဖြစ်က ဝမ်းနည်းစရာအဖြစ် အသွင်ပြောင်းသွားခဲ့တယ်။ ပြီးမြောက်အောင် လုပ်နိုင်မယ့်ကိစ္စတစ်ခုက လမ်းတစ်ဝက်မှာတင် ရပ်တန့်သွားခဲ့ရတယ်။

“စကား” ကို လူတိုင်းပြောတတ်တယ်။ ဒါပေမယ့် လူတိုင်း စကားပြောတတ်မယ်မထင်ဘူး။
စကားအကောင်းပြောလို့ရပေမယ့် လူတိုင်း စကားကောင်းတွေ ပြောတတ်မယ်မထင်ဘူး။
ဘာလို့ စကားကောင်းမပြောကြတာလဲ? အဖြေက လွယ်ပါတယ်.. ပိုမတွေး၊ ပိုမစဉ်းစားလို့ပါပဲ။

သာဓက တစ်ခုနဲ့ပြောရရင်---

ကျွန်တော်မှာ မိတ်ဆွေတစ်ဦးရှိတယ်။ အဲဒီမိတ်ဆွေက သူ့ခြံနောက်မှာ အိမ်တစ်လုံးဆောက်ဖို့ စီစဉ်တယ်။ အဲဒီအိမ်ကို ရယ်ဒီမိတ်ပစ္စည်းတွေနဲ့ ကိုယ်တိုင်ဆောက်မှာဖြစ်ပြီး မြက်ရိတ်စက်၊ ပေါက်ပြား... စတဲ့ ပန်းခြံသုံးကိရိယာတွေ ထားဖို့အတွက်ဖြစ်တယ်။

အိမ်ဆောက်နေဆဲမှာ မိတ်ဆွေရဲ့အိမ်နီးနားချင်းတစ်ဦးက သူ့ကိုပြောပါတယ်။

“အိမ်လျှောက်မဆောက်နဲ့ .. ဒါ ဥပဒေနဲ့မညီဘူး”

ဒါကို ကျွန်တော်မိတ်ဆွေက မကျေမနပ်ဖြစ်ပြီး ဆောက်လုပ်ရေးငှာနကို သွားမေးတယ်။ ရလာတဲ့အဖြေက (၁ဝ)ပေပတ်လည်ဆောက်ရင် အရေးယူမခံရဘူး။ (၁ဝ)ပေပတ်လည်ကျော်မှ အရေးယူခံရမယ်လို့ ဆိုပါတယ်။

မိတ်ဆွေက သူဝယ်လာတဲ့ ပစ္စည်းတွေကို တိုင်းကြည့်တော့ ၁ဝ x ၁၂ ပေဖြစ်နေတယ်။ ဒါကြောင့် ဆိုင်မှာ ဥပဒေနဲ့ညီတဲ့ (၁ဝ)ပေပတ်လည် ပစ္စည်းတွေကို သူသွားပြန်လဲခဲ့တယ်။ အိမ်ဆောက်ပြီးတဲ့နောက် မိတ်ဆွေက ကျွန်တော့်ကို ရင်ဖွင့်ပြတယ်။

“ကျွန်တော့် အိမ်နီးချင်းကို ကျွန်တော်မကျေနပ်ဘူး။ ရုံးငှာနတွေကို ကျွန်တော်မေးပြီးပြီ.. အခုဆောက်တဲ့အိမ်က ဥပဒေနဲ့ ညီတယ်တဲ့။ သူကြိုက်တဲ့နေရာတိုင်ပါစေ.. ကျွန်တော်တို့လူမျိုးကို အနိုင်ကျင့်လို့မရဘူးဆိုတာ သူသိသွားစေရမယ်”

“ဘာဖြစ်လို့ ဒီလိုပြောရတာလဲ?” မိတ်ဆွေကို ကျွန်တော်က ဖျောင်းဖျတယ်။

“တကယ်ဆို.. “ခင်ဗျားကို ကျွန်တော်အရမ်းကျေးဇူးတင်တယ်။ ခင်ဗျားသာ သတိမပေးရင် ကျွန်တော်အိမ်က ၂ပေ လောက်ပိုသွားပြီး ဖျက်ရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငွေကုန်လူပမ်းဖြစ်တော့မယ်” လို့ တစ်ခြားရှုထောင့်ကနေ ကြည့်ပြီး ဘာလို့ ခင်ဗျားမပြောခဲ့တာလဲ? သက်ဆိုင်ရာကို ခင်ဗျားသွားမေးခဲ့လို့ ဥပဒေနဲ့ညီတဲ့ အိမ်တစ်လုံး ခင်ဗျားဆောက်လိုက်ပြီဆိုတာ သူလဲသိရတာပေါ့”

မိတ်ဆွေက ကျွန်တော့်စကားကို ခေတ္တစဉ်းစားပြီး ကျွန်တော်ပြောသလို ဆောင်ရွက်ခဲ့တယ်။ နောက်ဆုံးမှာ အိမ်နီးချင်းမိတ်ဆွေကောင်းတစ်ဦး သူ့အတွက် တိုးလာခဲ့တယ်။

နောက် သာဓကတစ်ခုက ---

ကိစ္စသေးသေးမွှားမွှားတစ်ခုနဲ့ လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး ကွာရှင်းဖို့အထိ ဖြစ်ခဲ့ရတယ်။ ရန်ဖြစ်ရတဲ့ အကြောင်းရင်းက အကောင်းကနေစတာဖြစ်တယ်။

အဲဒီနေ့မှာ မိန်းမဖြစ်သူက ဈေးကြီးပေးရတဲ့ ငါးတစ်ကောင်ဝယ်လာခဲ့တယ်။ အိမ်ပြန်ရောက်တာနဲ့ မိန်းမက ယောက်ျားကို ဖုန်းဆက်ပြီး “ရုံးကနေ ထွက်လာပြီဆိုတာနဲ့ ဖုန်းဆက်လိုက်နော်။ အဲဒီအချိန်ကျမှ ငါးကိုပေါင်းလိုက်မယ်။ ဒီငါးက တစ်စက္ကန့်၊ တစ်မိနစ် လိုသွား၊ ပိုသွားတာနဲ့ စားမကောင်းဖြစ်သွားတတ်တယ်”

မိန်းမရဲ့အတွေးက ယောက်ျားရုံးဆင်းတာနဲ့ သူငါးပေါင်းမယ်၊ ယောက်ျားအိမ်ရောက်တာနဲ့ ပူပူနွေးနွေး စားလို့ရပြီဆိုတဲ့ အတွေးဖြစ်တယ်။ ဖြစ်ချင်တော့ ယောက်ျားက ရုံးဆင်းပြီလို့ ဖုန်းဆက်ပြီး အိမ်ပြန်ဖို့ပြင်တဲ့အချိန် ဧည့်သည်တစ်ယောက်ရောက်လာလို့ မိနစ်(၂ဝ)ကြာ အိမ်ပြန်ချိန် နောက်ကျသွားခဲ့တယ်။

ဧည့်သည်ထွက်သွားပြီးနောက် ယောက်ျားက မိန်းမဆီ ချက်ချင်းဖုန်းဆက်တယ်။

“ဆောရီးပဲ... ကိစ္စတစ်ခုပေါ်လာလို့ အခုမှ ရုံးကနေထွက်လာရမယ်”

“ဘာပြောတယ်... အခုမှ ရုံးကနေထွက်လာမယ် ဟုတ်လား! ငါးဟင်းက အေးသွားရင် စားမကောင်းတော့ဘူးဆိုတာ ရှင်မသိဘူးလား! ဒီငါးကို ဈေးကြီးပေးပြီး ဝယ်ခဲ့ရတယ်ဆိုတာ ရှင်မသိဘူးလား!”

မိန်းမရဲ့အပြောကို ယောက်ျားက ဘာမှပြန်မပြောဘဲ အိမ်ကိုကားအပြင်းမောင်းပြီး ပြန်ခဲ့တယ်။ တွေးရင်း၊ မောင်းရင်း လမ်းတစ်လျောက်လုံး စိတ်တွေလှုပ်ရှားခဲ့လို့ မတော်တဆ လူတိုက်မိမလိုဖြစ်ခဲ့သေးတယ်။

အိမ်ရောက်တာနဲ့ မိန်းမကို “ငါးဟင်း အေးသွားလည်း အေးပါစေလေ.. အေးသွားတော့လဲ ပြန်နွေးပြီး စားကြတာပေါ့” ပြောတော့ မိန်းမက “ရှင်က ငါးဟင်းကောင်းကောင်းစားဖို့ ကံကိုမပါဘူး။ နောက်ဆိုရင် ရှင့်ကို ငါးဟင်း အအေးပဲ ကျွေးတော့မယ်”

အဲဒီလို သူတစ်ခွန်း၊ ကိုယ်တစ်ခွန်းနဲ့ ဆဲဆိုငြင်းခုန်ရန်ဖြစ်ခဲ့ကြတယ်။ ကလေးတွေလည်း ငိုယိုလို့.. ငါးဟင်းတစ်ခွက်က စားပွဲပေါ်မှာ စားသူမဲ့ အရာမယွင်းရှိနေခဲ့တယ်။ အဲဒီငါးဟင်းကြောင့် လင်မယားနှစ်ယောက် ကွာရှင်းဖို့နီးနီးဖြစ်ခဲ့ရတယ်။

သူတို့ဟာ စကားပြောတတ်သူလား?

တကယ်လို့ မိန်းမဖြစ်သူက အိမ်ဆောက်တဲ့ကျွန်တော်မိတ်ဆွေလိ
ု ရှုထောင့်ပြောင်းပြီး “မလောနဲ့.. မလောနဲ့.. ငါးဟင်းအေးသွားလည်း ပြန်နွေးလို့ရတယ်။ ကားကိုသာ ဖြေးဖြေးသာသာမောင်းခဲ့။ ကျွန်မတို့စောင့်နေမယ်” လို့သာပြောခဲ့ရင် ရန်ပွဲကဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

စကားပြောတတ်တာနဲ့ မပြောတတ်တာက လျှပ်တစ်ပြက်အတွင်းမှာပဲ ဖြစ်ပွါးနိုင်တယ်။ အဲဒီလျှပ်တစ်ပြက်အတွင်းမှာ သည်းခံမယ်၊ နောက်ကိုခြေတစ်လှမ်းဆုတ်ပြီး စကားဆိုးကနေ စကားကောင်း၊ ဒေါသစကားကနေ နူးညံ့စကားအဖြစ် ပြောင်းလဲတွေးတောနိုင်ခဲ့ရင် နောက်ဆုံးမှာ ကြည်နူးစရာတွေနဲ့ အဆုံးသတ်ရမှာ ဧကန်မလွဲပါပဲ။

အဲဒီလျှပ်တစ်ပြက်အတွင်းမှာ မစဉ်းစား၊ မဆင်ခြင်ဘဲ ပြောမိပြောရာ ပြောလိုက်ရင် ဝမ်းနည်း၊ ဒေါသတွေနဲ့ အဆုံးသတ်ရမှာဖြစ်တယ်။ ငယ်ရွယ်စဉ် မရင့်ကျက်သေးခင်မှာ တစ်ချို့စကားကို စိတ်လိုက်မာန်ပါ ပြောမိတတ်ကြတယ်၊ အမှားတွေ ပြောမိတတ်ကြတယ်။ နေ့ခင်းပြောခဲ့တဲ့ စကားကို ညဖက်အိပ်ရာဝင်ချိန်မှာ တွေးတောကြည့်ပြီး ပိုကောင်းတဲ့ “စကားကောင်းပြောနည်း” နဲ့ ကိစ္စသေးသေးထဲကနေ သင်ခန်းစာများများ၊ လွယ်ကူတဲ့စကားထဲကနေ ရင်ထဲထိမှန်နိုင်တဲ့ စကားမျိုးတွေ ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့.....

Saturday, February 27, 2010

မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်ဆိုပဲ

မိန်းကလေးချောချောတွေ ဒေါသထွက်လွယ်တယ်ဆိုပဲ
BBC က သတင်းတစ်ပုဒ်မှာ သုတေသန လေ့လာတွေ့ ရှိချက်တွေ အရ မိန်းကလေး
ချောချောလှလှ ဆွဲဆောင်မှုအားကောင်းတဲ့ သူတွေက ဒေါသထွက်လွယ်တယ်ဆိုပဲ။
ဆွဲဆောင်မှုကောင်းတဲ့ မိန်းမချောလေးတွေက ယှဉ်ပြိုင်လာမှုတွေကို စစ်ပွဲ
တစ်ပွဲလိုပဲ ဖြေရှင်းတတ်တယ်တဲ့။
ကယ်လီဖိုးနီးယား တက္ကသိုလ်က သုတေသီတွေက ကျောင်းသူ ၁၅၆ ဦးကို
မေးမြန်းခဲ့တာဆိုပဲ။ ဘယ်လောက်ထိဒေါသထွက်တယ်၊ ပြဿနာတွေကို ဘယ်လို
ကိုင်တွယ်ဖြေရှင်းသလဲ လို့ မေးခဲ့တယ်တဲ့။
အဖြေတွေကို ကြည့်ရင် ကိုယ့်ကိုယ်ကို ကြည့်ကောင်းတယ်၊ ချောတယ်လို့
ထင်တဲ့သူတွေက အငြင်းအခုံ၊ ပြဿနာတွေကို ဒေါသတကြီး
ပိုမိုတုံ့ပြန်တတ်ကြပြီး၊ ကိုယ့်ကိုယ်ကို ဆွဲဆောင်မှု သိပ်မရှိဘူး ထင်တဲ့
သူတွေက ဒေါသသိပ်မကြီးကြပါဘူးတဲ့။
ပြီးတော့ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးတွေက သူတို့နဲ့ ထိုက်တန်တာထက်
ပိုပြီး မျှော်လင့်တတ်ကြတယ်ဆိုပဲ။ သည်လို မိန်းကလေးမျိုးတွေနဲ့
အဆင်ပြေချင်ရင် သူတို့ကို ဦးစားပေးလိုက်ပါတဲ့။ ဒေါသကြီးတတ်တဲ့
မိန်းကလေးတွေဟာ ဦးစားပေးခံရတဲ့ အခြေအနေမှာ ပိုပြီးကောင်းမွန်စွာ
ဖြေရှင်းနိုင်တယ်တဲ့။
ဒါပေမယ့် အခုတွေ့ရှိချက်တွေက လူအနည်းငယ်ကိုပဲ လေ့လာထားတာဆိုတော့
လူတိုင်းအတွက် မှန်တယ်လို့ ကောက်ချက်မဆွဲနိုင်ဘူး လို့လည်း
လန်ဒန်ဆေးပညာကောလိပ်က စိတ်ပညာ အတိုင်ပင်ခံ ကောလင်းကပြောပါတယ်တဲ့။
အင်း အားလုံးအတွက်မှန်တယ်လို့ မပြောနိုင်ပေမယ့် အချို့ အတွက်တော့
မှန်တယ်လို့ ဆိုနိုင်တာပေါ့။ အချို့ ဆွဲဆောင်မှုရှိတဲ့မိန်းကလေးတွေက
သူတို့ကိုယ်သူတို့လည်း ဆွဲဆောင်မှုရှိမှန်းသိရင်
ဆန့်ကျင်ဖက်ယောက်ျားလေးတွေက သူတို့ကို အလေးပေးဆက်ဆံစေချင်တဲ့
စိတ်တွေရှိကြပြီး အလေးပေးဆက်ဆံလိမ့်မယ်လို့လည်း ယုံကြည်ကြတယ်။ သူတို့
ဒေါသထွက်လာရင် သူတို့ကို ချော့မှာပဲ အလျော့ပေးမှာပဲ လို့လည်း
ယုံကြည်ကြတယ်။ ယုံလည်းယုံကြည်ချင်စရာပဲလေ။ ယောက်ျားလေးတွေကလည်း
မိန်းကလေးချောချောများ စိတ်ဆိုးဒေါသထွက်ရင် ချော့ချင်ကြတာ
အလျော့ပေးချင်းကြတာလည်း လွန်ရောကိုး။ ဒီလိုနဲ့ ပဲ မမချောတို့
ဒေါသထွက်လွယ်အောင် ပိုပြီး တွန်းပို့ပေးလိုက်သလိုပဲနော့်။
အချို့ မိန်းမချောလေးတွေက သူငယ်ချင်းတွေရှေ့ မှာ သူ့အလိုကို လိုက်တဲ့
ကောင်လေးတွေက သူ့ကို ကြောက်ရသလို၊ သူကပဲ အမြဲအနိုင်ရသလို စကားမျိုးတွေ
ပြောပြီး ဂုဏ်ယူတတ်ကြတယ်။ အချို့ ကောင်လေးတွေကလည်း အဲဒါကို ဂုဏ်ယူပြီး
နေနိုင်ကြတယ်လေ။ ဟုတ်တာပဲလေ ကောင်မလေးချောချောလေးက ပြောတာပဲ နာစရာလား။
ကောင်းပါတယ်ပေါ့။ ဒါမှလဲ အဆင်ပြေမယ် မဟုတ်လား။ ဦးစားပေးလိုက်ကြပါ။

True love

အခုစာရဲ့ ခံစားမှု ပိုင်ရှင်အစစ်က Mr.soelin21 ပါ။ သူ ရေးထားခဲ့တဲ့စာကို ပြန်လည်ဖော်ပြပေးခဲ့တဲ့ရည်ရွယ်ချက်ကတော့ ဘာသာမတူသူ ချစ်သူများကို သူ့လိုမဖြစ်စေချင်လို့ပါ။
( ကျွန်တော့်သူငယ်ချင်းရေးထားတာကိ
ု ပြန်ကူးရေးထားတာပါ)။ ။ ။ ။ ကျွန်တော်ဟာ အရမ်းပဲအစွဲအလမ်းကြီးပါတယ် ။ တစ်ခုခုဆိုစိတ်ထဲက ဖျောက်ပစ်ဖို့ခက်တဲ့သူ တစ်ယောက်ပါ။ ကျွန်တော်ချစ်သူကို အွန်လိုင်းကနေစတင်သိကျွမ်းခင်မင်ခဲ့တယ်။ သူက ကျွန်တော့်သူငယ်ချင်းတစ်ယောက်နဲ့ အပြင်မှာခင်ပါတယ်။ သူငယ်ချင်းတွေဖြစ်သလို အဲဒီသူငယ်ချင်းကို ပဲ သူမက စိတ်ထဲကကြိုက်နေတာ ပေါ့။ ကျွန်တော့်ကိုတော့ သူငယ်ချင်းက သူမ အကောင့်ပေးပါတယ် ။ အွန်လိုင်း သုံးတာမကြာသေးပေမယ့် ဘယ်သူ့ကိုမှ ကျွန်တော်ရည်းစား စကားမပြောသလို အားလုံးကိုသူငယ်ချင်း တွေလိုပဲ ပျော်ပျော်ရွှင်ရွှင် နောက်ပြောင်ပြောဆိုတာလောက်ပဲ အွန်လိုင်း ကို စိတ်ပျော်ရွှင်စေ စရာ၊ ဗဟုသုတရှာရာ အဖြစ်သုံးခဲ့တဲ့ကျွန်တော် သူမနဲ့အွန်လိုင်းမှာ စတင်ခင်မင်မိတဲ့အချိန်မှာ သူမနဲ့စကားပြောရတာကို အရမ်းပဲပျော်ရွှင်လာခဲ့ရပါတယ် ။ သူမရှိမယ့်အချိန်ကိုသာ အွန်လိုင်းတက်လာတဲ့အထိပေါ့။ အချိန်ကြာလာခဲ့တာနဲ့အမျှ သူမကို ညီမလေးတစ်ယောက်လိုဆက်ဆံခဲ့တဲ့အချိန် သူမ ဆီက ဖုန်းနံပါတ်ရခဲ့ပါတယ် ။ အတိုချုံ့ ပြောရရင် သူမနဲ့ဖုန်းမပြောရရင်မနေနိုင်လောက်အောင် အခြေအနေ ထိ ဖြစ်လာခဲ့ပါတယ် ။ အဲဒီအချိန်မှာ သူမဟာ ကျွန်တော့်သူငယ်ချင်းကို ချစ်နေဆဲဖြစ်သလို သူငယ်ချင်းကတော့ မသိတာပဲလား ၊ မသိချင်ယောင်ဆောင်နေတာလားမသိတော့ ကျွန်တော် သူမကို ချစ်နေမိပေမယ့် သူမအတွက် စိတ်မကောင်း ဖြစ် ခဲ့ရပါတယ် ။ ဖြစ်နိုင်ရင် သူမကို သူမချစ်တဲ့သူနဲ့ပဲပျော် နေစေချင်ခဲ့တာ ဘာကြောင့်မှန်းတော့မသိဘူး ။ကိုယ်ကိုယ်တိုင် လဲချစ်နေလျက်နဲ့ သူမကိုအဲလိုဖြစ်စေချင်ခဲ့တယ်။ တစ်ရက် သူမနဲ့ အပြင်မှာ ပထမဆုံးအကြိမ်တွေ့ခွင့်ရပါတယ် ။ သူမကို စတွေ့တွေ့ချင်း ပဲ ချစ်မိခဲ့တာ မငြင်းနိုင်ပါဘူး ။ ဒါပေမယ့် စိတ်ကို ထိန်းချုပ်ထားခဲ့ပါတယ် ။သူမချစ်နေတဲ့သူရှိနေတာကို ။ နောက်တော့ မနေနိုင်တဲ့တစ်နေ့ ဖွင့်ပြောမိခဲ့တယ် ။ သူမက ဘာသာမတူဘူးလို့ပြောပါတယ် ။ ကျွန်တော် အဲဒါကိုအလေးမထားဘူး ။အဓိကကနားလည်မှုလို့ပဲ ခံယူပြီး ဇွတ်တိုးဝင်ခဲ့ပါတယ်။ ကျွန်တော်အရမ်းကိုချစ်နေတာကို ။ သူမက ကျွန်တော့်ကို အဖြေမပေးသေးပေမယ့် ။ ကျွန်တော် သူမ သင်တန်းကို အမြဲသွားကြိုပေးခဲ့ပါတယ် ။ ရည်းစားတွေမဟုတ်ပေမယ့် ရုပ်ရှင်သွားကြည့်ကြတယ် ။ လျှောက်လည်ကြတယ် ။ အရမ်းကိုကျွန်တော်ပျော်ခဲ့ပါတယ် ။အဖြေမရသေးပေမယ့် သူမအနားမှာ အဲလိုနေခွင့်ရတာကိုပဲကျေနပ်နေခဲ့တာပေါ့ ။ ဒီလိုနဲ့အချိန် လေးလလောက်အကြာမှာ သူမ ဆီက အဖြေရခဲ့ပါတယ် ။ သူမ အဖြေပေးခဲ့တဲ့အချိန်က တော့ Dec(14) ရက်နေ့လေ ။ ကျွန်တော်အရမ်းပဲပျော်ခဲ့ရပါတယ် ။ နောက်တော့ချစ်သူတွေဖြစ်ခဲ့တဲ့အချိန်ကာလတွေထဲမှာ စိတ်ကောက်လိုက်ပြန်ပြေလည်လိုက်နဲ့ လုံးလည်ချာလည်လိုက်နေခဲ့ပေမယ့် ပျော်ခဲ့ရပါတယ် ။ မှတ်မှတ်ရရ ရည်းစားဖြစ်ပြီး တစ်လအပြည့်မှာ ရုပ်ရှင်သွားကြည့်ခဲ့ကြပါတယ်။ နောက်ဆုံးအမှတ်တရကတော့ valentine ပေါ့။ သူများတွေအတွက် အဲဒီနေ့က မထူးခြားပေမယ့် ကျွန်တော်တို့နှစ်ယောက်အတွက်ကတော့တကယ့်ကိုထူးခြားခဲ့ပါတယ် ။ ချစ်သူသက်တမ်းနှစ်လပြည့် တဲ့နေ့လေ အဲဒီနေ့က ။ အဲဒီနေ့မှာ အမှတ်တရကတော့ သူမ ကကျူရှင်မှာ စာမေးပွဲရှိလို့ဘယ်မှသွားလို့မရဘူး လို့ပြောတော့ လက်ဆောင်လေးပဲပေးခဲ့ရပါတယ် ။ သူမကိုပေးတဲ့လက်ဆောင်လေးက အဆန်းတကြယ် မဟုတ်ခဲ့လို့အသေအချာပေးဖို့အချိန်မရခဲ့ပေမယ့် သူမကိုတန်ဖိုးကြီးတဲ့စေတနာလက်ဆောင်တစ်ခုတော့ပေးခဲ့ပါတယ် အဲဒါကတော့သူမအတွက်ရည်ရွယ်ပြီတကူးတက၀ယ်ထားတဲ့ လက်ဆောင်အရုပ် လေးလေ။ ။ အဲဒီအရုပ်ကိုချစ်သူတစ် ယောက်ဆီလက်ဆောင်ပေးချင်ပေမယ့် မပေးနိုင်တဲ့သူငယ် ချင်းကို စိတ်ရင်းအမှန် နဲ့ သူ့ကိုပျော်စေချင်တဲ့ စိတ်နဲ့ လက်ဆောင်ပြန်ပေးလိုက်ပါ တယ်။ သူတို့နှစ်ယောက်ကတစ်နယ်စီ ဝေးနေကြတဲ့ချစ်သူတွေ လေ ။ ကျွန်တော့သူငယ်ချင်းကအရမ်းစိတ်ထိခိုက်နေချိန်မှာ ကျွန်တော်အမြတ်တနိုးဝယ်ထားတဲ့ လက်ဆောင်ကို ချစ်သူကိုမပေး ပဲ သူများ တွေအဆင်ပြေစေဖို့ စိတ်ရင်အမှန်နဲ့ပဲ လက်ဆောင်ပေးလိုက်ပါတယ် ။ အဲလိုကူညီတာကို သူမကျေနပ်နေမယ်ထင်မိပါတယ်။၊ သူမကိုပေးတဲ့ valentine လက်ဆောင်ဟာ သူများတွေလို မဟုတ်ပဲ ကိုယ်ချင်းစာချင်း ဆိုတာကို သူမကို သိစေချင်ခဲ့ပါတယ် ။လက်ဆောင်မပေးနိုင်သူတစ်ယောက်ကို ကိုယ့်ချစ်သူပေးမယ့်လက်ဆောင် ပေးလိုက်တာဟာ ကျွန်တော်တို့နှစ်ယောက်စလုံးအတွက် စိတ်ကြည်နူးစရာသူ့အတွက် အမှတ်တရလက်ဆောင်ဆိုတာ သူမကို သိစေချင်ခဲ့ပါတယ်။ သူမကို တော့အမှတ်တရလက်ဆောင်တစ်ခုခုကို အမြန်စဉ်းစားပြီးပေးခဲ့ရပါတယ်။ သူမအတွက် ကျွန်တော့်လက်ဆောင်ကမ ထူးဆန်းပေမယ့် သူမ မသိတာကတော့ သူမကို ကျွန်တော် သူများမပေးတဲ့ အမှတ်တရလက်ဆောင် ပေးခဲ့တာ သူမ လုံး ၀မသိခဲ့ဘူးဆိုတာပါပဲ။ အဲဒီနောက်သူမကိုလက်ဆောင်ပေးပြီ ကျွန်တော် moon မှာ ထိုင်နေချိန် တစ်နာရီလောက်မှာ မထင်မှတ်ပဲ သူရောက်လာတယ်။ သူမ ကျွန်တော့်ကိုပြောတာ က ညနေလေးနာရီမှ ပြီးမှာတဲ့အခုတော့ရောက်လာတော့ကျွန်တော်က လိမ်တယ်ထင်ပြီး စိတ်ဆိုးခဲ့ပါတယ် ။ အဲဒီနေ့က တစ်ခြားချစ်သူတွေကြည်နူးပျော်ရွှင်နေချိန် ကျွန်တော်တို့ရန်ဖြစ်နေကြတာပေါ့ ။နောက်တော့လဲပြန်အဆင်ပြေခဲ့ပါတယ် ။ အဲဒါလေးကတော့ တကယ့်အမှတ်တရပါပဲ။ ကျွန်တော့်မွေးနေ့က 16 ရက်နေ့ပါ ။ 15 ရကပ်နေ့မှာ သူမနဲ့စိမ်းလန်းစိုပြေမှာတွေ့ပါတယ် ။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ သူမကို သင်တန်း ပြန်ပို့ပေးပြီးပြန်ခဲ့ပါတယ် ။ နောက် 17 ရက် web မှာ သူမနဲ့စိမ်းလန်းစိုပြေမှာတွေ့ကြတော့အေးအေးဆေးဆေးစကားပြောနေတုန်း မှာပဲ သူမက လမ်းခွဲကြမယ်လို့ရုတ်တရက်ကြီးပြောပါတယ် ။ မထင်မှတ်တဲ့အတွက်နောက်နေတာပဲထင်ခဲ့မိပေမယ့် သူမမျက်နှာလေးက တကယ်ပဲလေးနက်နေပါတယ် ။ ကျွန်တော်ဘာကြောင့်လဲမေးတော့ သူမက ဘာသာမတူတာဘူး ။ ရှေ့ ဆက်ပြီးဆက်သွားရင် မခွဲနိုင်ရင်မိဘတွေစိတ်ဆင်းရဲရမယ်။ အခုဘာမှ ကြီးကြီးမားမား မဖြစ်ခင် လမ်းခွဲကြ မယ်နော်တဲ့။ အခုဒီစိမ်းလန်းစိုပြေကထွက်ရင် နှစ်ယောက်စလုံးနောက်ဆိုလုံးဝမတွေ့တော့ဘူးနော်တဲ့။ ကျွန်တော် စိတ်ကိုအရမ်းပဲထိန်းပြီးခေါင်းညိတ်လက်ခံခဲ့ပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူမ အလေးအနက်စဉ်းစားထားလာတာကို လေးစားရမယ်လေ။ ဘာကြောင့်လဲဆိုတော့ သူမက ကျွန်တော့်ထက်ငယ်တယ် ။ သူမကို ကျွန်တော်ဖက်ထားရင်ငိုနေခဲ့ရပါတယ်။ သူမလဲမျက်နှာမကောင်ခဲ့ပါဘူး။ နောက်တော့ သူမ သင်တန်းကိုလိုက်ပို့တဲ့အချိန် လက်ကို တင်းအောင်ဆုပ်ကိုင်ပြီး လက်တွဲလျှောက်ခဲ့ပါတယ် ။ သူမက မခွဲခင် ပြောခဲ့တဲ့စကားလေးကို အခုထိအောင် တွေးလိုက်တိုင်းရင်နာနေရပါတယ် ။ အကို့ကို ချစ်တယ်၊ အကိုပျော်ရွှင်ပါစေတဲ့။ ကျွန်တော် ဘာတွေဘယ်လိုလုပ်ရမှန်းမသိလောက်အောင်ကို စိတ်ကို ထိန်းနေခဲ့ရပါတယ် ။သင်တန်းအနားအရောက်မှာလက်တွဲဖြုတ်ပြီ နုတ်ဆက်ခဲ့ပြီးချိန် သူမကွယ်ရာအရောက်မှာ ကျွန်တော် လမ်းဘေးမှာပဲ မရှက်တမ်းငိုနေခဲ့ရတယ် ။ အိမ်ပြန်ရောက်တော့လဲ မအိပ်နိုင်ဘူး။ မျက်ရည်ကအလိုလိုကျလာတယ်လေ။ နောက်တစ်ရက်ရောက်တော့ တစ်မနက်လုံးလဲ မျက်ရည်က အလိုလိုကျကျလာလို့ ကိုယ့်ကိုယ်ကို ဒေါသ ထွက်နေမိတယ်။ နောက်တော့လဲသူမက လုံးဝကိုဖုန်းမဆက်အဆက်အသွယ်ဖြတ်ခဲ့တော့ ကျွန်တော်အားတင်းပြီးနေထိုင်ခဲ့ရတယ်။ သူမနဲ့လမ်းခွဲပြီး ငါးရက်မြောက်နေ့မှာ ကျွန်တော် နောက်ဆုံးစိတ်တွေအားလုံးကိုလျော့လိုက်ပါတယ်။ အားရအောင်ပဲငိုပြစ်ခဲ့ပါတယ် ။ ယောက်ျားတစ်ယောက်မှာ မဖြစ်သင့်တဲ့ ပျော့ညံ့မှုပေါ့ ။ အဲလိုငိုပြီးတဲ့အချိန်မှာ ကျွန်တော့်ရင်မှာ ဘာမှမရှိတော့လောက်အောင်ပေါ့သွားခဲ့ပါတယ်။ သူမကိုသတိရတုန်းပဲဆိုပေမယ့် လုံးဝကို စိတ်ကိုထိန်းချုပ်ပိုင်နိုင်ခဲ့ပါတယ်။ လုံးဝကိုပြန်တည်ငြိမ်ခဲ့ပါတယ်။ ကျွန်တော်ဒီစာကို ရေးနေတဲ့အချိန်အထိ သူမပြန်လာဖို့မျှော်လင့်နေတုန်းပါပဲ။ မျက်ရည်မကျတော့ပါဘူး။ နေ့တိုင်းသတိရနေဆဲပါပဲ။ အရင်အချိန်တွေပြန်တွေးလိုက်တိုင်းလဲ သူမဆီအပြေးသွားပြီးတောင်းပန်လိုက်ချင်မိပေမယ့်လဲ သူမဆုံးဖြတ်ချက်ကို ကျွန်တော်ပြတ်ပြတ်သားသားစိတ်ထဲက လက်ခံမိနေပြီ။ ကျွန်တော်သူမကိုအရမ်းချစ်ပါတယ် ။အရမ်းလဲချစ်ခဲ့ပါတယ် ။ အရမ်းလဲသတိရနေတယ်။ ကျွန်တော်တို့နောက်ဆုံးလမ်းခွဲချိန် လေးကိုလဲအမြဲတမ်းသတိရနေမှာပါ။ အမုန်းမရှိပဲ ဟန်ဆောင်မှုတွေနဲ့ စိတ်ကိုထိန်းချုပ်ပြီးပြုံး ပြုံလေး လမ်းခွဲခဲ့တာကို ။ နောင်ဘ၀ဆိုတာရှိရင် ဘာသာတူ တဲ့ဘ၀မှာ စစ်မှန်ပြီးဟန်ဆောင်မှုကင်းစွာနဲ့ တစ်ဘ၀လုံး လက်တွဲရပါလို၏ လို့ ဆုတောင်းနေပါ့မယ် ညီမလေးရယ်............မှတ်ချက်။ ။(ဒီစာကို ကျွန်တော့်သူငယ်ချင်း မသိပါဘူး။ ဒါပေမယ့် သူခံစားချက်ကိုကျွန်တော်တစ်ယောက်ထဲ ကိုပဲပြောပြခဲ့တာပါ။ အခုလိုဖော်ပြတာကလဲ သူ မသိပေမယ့် ဘာသာမတူလို့ချစ်လျက်နဲ့ခွဲခွာခဲ့ကြတဲ့ချစ်သူနှစ်ယောက်ကိုသနားမိတယ်။ စာနာမိတယ် ။ အဲဒါကြောင့် ဘာသာမတူပဲချစ်နေကြပြီဆိုရင် ဘာမှ ဖြစ်မလာသေးခင်အထိ လက်တွဲမဖြုတ်ကြပါနဲ့ တကယ်ချစ်ကြတာဆို မိဘ အသိုင်းအ၀ိုင်က သိသွားကြပြီးဆိုမှသာ တစ်ခုခုကို အကောင်းဆုံးရွေးချယ်ကြစေချင်ပါတယ် ။ တစ်ခုခုဆိုတာက ကောင်မလေးကဆုံးဖြတ်ချက်ခိုင်မာရင်လက်တွဲ၊ မဟုတ်ရင် ချစ်သူအဖြစ်ကနေ အချစ်ဆုံး သူငယ်ချင်းပုံစံပြောင်လဲနိုင်အောင်ကြိုးစား၊ အဲဒါဆိုရင် မပေါင်းရပေမယ့် ရင်မနာရတော့သလို ၊ ပျော်ရွှင်စရာလေးတွေလဲ မပျောက်ဆုံးတော့ဘူးပေါ့ ) အခုနှစ်ယောက်မှာ ကောင်မလေးက ကြိုတင်တွေးတောတာမှန်ပါတယ် ။ ဒါပေမယ့် ဘာမှ ဖြစ်မလာသေးပဲ လမ်းခွဲခဲ့ကြတော့ချစ်လျက်ချစ်သူနှစ်ယောက်စလုံးရင်နာရတာပေါ့။ အဲဒါကြောင့် အားလုံးပဲ ဖြစ်လာမှသာရင်ဆိုင်ပါ ။မဖြစ်လာသေးခင် သူနဲ့ကိုယ် ကံပါလို့ ချစ်သူရည်းစားဖြစ်တာ ကံကုန်တဲ့အချိန်အထိ တွဲခွင့်ရှိပါတယ် ။ ချစ်သူ ဖြစ်ကံမကုန်ခင်အချိန်အထိ ပျော်ပျော်ရွှင်ရွှင်နေကြပါလို့ တောင်းဆိုရင်း..........

ကိုယ်ကရော အပြစ်ကင်းရဲ့လား

တစ်ခါက …
>
> ရွာတစ်ရွာမှာ ကွမ်းအရမ်းစားတဲ့ သူကြိး တစ်ယောက် ရှိတယ်.။ သူ
> ကွမ်းစားပုံက လွန်လွန်းတယ် လို့ ပြောလို့ရတယ်.။ မနက် မိုးလင်းလို့ သွားတိုက်တဲ့
> အချိန်ပဲ ကွမ်းကို ထွေးပြီး သွားတိုက်သတဲ့.။ ကျန်တဲ့ အချိန်တွေကတော့
> သူ့ပါးစပ်ထဲမှာ ကွမ်းအမြဲတမ်း ငုံထားတယ် ဆိုပဲ.။ ထမင်းစားရင်တောင်မှ သူက
> ကွမ်းကို မထွေးဘူး.။ ပါးစောင်တစ်ဖက်မှာ ငုံထားလိုက်ပြီး ထမင်းစားတယ် ဆိုပဲ.။
> အိပ်ရင်တောင်မှ ကွမ်းငုံပြီးမှ အိပ်လေ့ရှိတယ်.။ ဒါကြောင့် သူကြီးသာ ဖြစ်နေတာ
> ကွမ်းနဲ့ ပတ်သတ်ရင် သူ့ကို ဘယ်သူမှ ပြောလို့မရဘူး ဆိုပဲ..။
> အဲ…သူတို့ ရွာမှာ အရက်သမားတစ်ယောက်ရှိတယ်.။ အရက်သမားကတော့
> အများကြီး ရှိမှာပေါ့လေ.။ ဒါပေမဲ့ ..ဒီအရက်သမားကတော့ အလွန်ဆိုး ဆိုပဲ.။
> မနက်မိုးလင်းကတည်းက မျက်နှာ မသစ်ဘူး.။ အရက်နဲ့ အရင် ပလုပ်ကျင်းတယ် ဆိုတာ ဒီလို
> လူလေ.။ မူးလာရင်လည်း ရမ်းသလား မမေးနဲ့။ သူ မူးလာရင် တစ်ရွာလုံးကိုလည်း
> ပတ်ရမ်းပြီး ဆဲနေတော့တာပဲ.။ ဒါကြောင့် သူမူးလာရင် လူတွေ အလုပ်ပျက်လို့ သူဆိုရင်
> အားလုံးက ရွံကြောက်ကြောက်ပြီး စိတ်ညစ်နေကြတယ်.။
> တစ်နေ့တော့ ဒီအရက်သမားက အလွန်မူးပြီး ရွာထဲမှာ မူးပြီး
> သောင်းကျန်းနေတယ် ဆိုပဲ.။ ရွာသားတွေလည်း ပြောလို့မရတဲ့ အဆုံး ရွာသူကြီး ဆီ
> သွားတိုင်ကြတယ်.။ ဒီတော့ ရွာသူကြီးက သူ့ဆီကို ဒီအမူးသမားကို ခေါ်ခဲ့လို့
> အမိန့်ထုတ်လိုက်တယ်.။
> သူကြီးခေါ်လို့သာ မဖြစ်မနေလာရတာ အမူးသမားက လာချင်တာ မဟုတ်ဘူး.။
> ယိုင်ထိုးယိုင်ထိုးနဲ့ သူရောက်လာတယ်.။ သူကြီးရှေ့လည်း ရောက်ရော သူကြီးက ဘာမပြော
> ညာမပြောနဲ့ သူ့အိမ်မှာ ရှိနေတဲ့ ခွေးစားခွက် အင်တုံလေးကို ဆွဲယူလိုက်ပြီး
> အရက်သမားရဲ့ ခါးကြားမှာ ထိုးထားတဲ့ အရက်ပုလင်းလေးကို ဆွဲယူလိုက်တယ်.။ နောက်တော့
> ခွေးစားခွက် အင်တုံလေးထဲကို မပြောမဆိုနဲ့ လောင်းထည့်လိုက်ပြီး သူ့ခွေးကို “
> အို…အို..” ဆိုပြီး ခေါ်ပြီး ခွေးစားခွက်ကို တွန်းပေးလိုက်တယ်.။
> အားလုံးလည်း သူကြီး ဘာလုပ်နေတာ ဆိုတာ သဘောမပေါက်ဘူးပေါ့..။
> ဒါကြောင့် အားလုံး ဝိုင်းအုံပြီး ကြည့်နေကြတယ်.။ အခေါ်ခံရတဲ့ ခွေးကလည်း
> သူ့စားခွက် လေးထဲကို ငုံပြီး နမ်းလိုက်တယ်.။ နောက်တော့ အရက်နံ့လည်း ရရော ခွေးက
> တွန့်သွားပြီး နောက်ဆုတ်သွားတယ်..။ နောက်တော့ အဝေးကို နောက်ဆုတ် ထွက်သွားတယ်.။
> ဒီတော့ သူကြီးက အရက်သမားကို ပြုံးကြည့်လိုက်ပြီး …
>
> “ တွေ့လား…မင်း အခု သောက်နေတဲ့ အရက်ဆိုတာ ခွေးကတောင်မှ
> မသောက်ဘူးကွ..။ သိပြီလား.။ မင်း….ပြောလို့လဲ မရဘူး..။ ခွေးတောင်မှ မသောက်တဲ့
> ဒီအရက်ကို မင်းလည်း မသောက်သင့်တော့ဘူး.။”
>
> သူကြီးက ဒီလို ပြောပြီး အရက်သမားကို ကြည့်လိုက်တော့ အရက်သမားက
> ဘာမှ ပြန်မပြောနိုင်ပဲ ငြိမ်သွားတယ်.။ ဒီတော့ သူကြီး အပါအဝင် ရွာသားတွေ
> အားလုံးလည်း သူကြီး ပညာပေးတာ ကောင်းလို့ အရက်သမားတော့ သဘောပေါက်လို့
> ငြိမ်သွားပြီလို့ ထင်နေတာပေါ့လေ.။
> ဒီအချိန်မှာ အရက်သမားက ငြိမ်နေရာကနေ တစ်ခု ပြောတယ်.
>
> “ ဟုတ်ပါတယ်..သူကြီးမင်းခင်ဗျား..။ ကျွန်တော်သောက်နေတဲ့ အရက်ကို
> ခွေးကတောင်မှ မကြိုက်ပါ ၊ မသောက်ပါဘူး ခင်ဗျား..။ ဒါပေမဲ့ ဒီလိုပါပဲ…ခွေးက
> ကွမ်းကိုလည်း မကြိုက်ပါ ၊ မစားပါဘူး ခင်ဗျား..။ ”
>
> လို့ ပြောပြီး ထွက်သွားသတဲ့..။ ဒီတော့ သူကြီး အပါအဝင် ရွာသားတွေ
> အားလုံးလည်း ဘာမှ မပြောနိုင်တော့ပဲ ကျန်ခဲ့သတဲ့..။
>
> ဒီလိုပါပဲ..။
>
> လူတွေမှာ ကိုယ်ကသာ သူများကို ပြောချင်ကြတာ……၊
>
> ကိုယ်ကရော အပြစ်ကင်းရဲ့လား……………..??????